PDFနဲ့စစ်အုပ်စု တခြမ်းစီထိန်းချုပ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား မိုင်းခွဲဖျက်ဆီးခံရ
- BVJ

- 15 hours ago
- 1 min read
ယူဂရင်း/BVJ_အောက်တိုဘာ ၂၉၊ ၂၀၂၅

စစ်ကိုင်းတိုင်း ရွှေဘို-ကျောက်မြောင်းမြို့နယ်ကနေ မန္တလေးတိုင်း စဉ့်ကူး-လက်ပံလှမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား(ရတနာသိင်္ခ)ဟာ ဒီနေ့ အောက်တိုဘာ ၂၉ရက်မနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
တံတားဖျက်ဆီးမှုနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်ကတော့ TNLAနဲ့PDFတွေလုပ်တာလို့ သတင်းဖြန့်နေပြီး တော်လှန်ရေးတပ်တွေဘက်ကတော့ ဒါနဲ့ပတ်သက်ပြီးတုန့်ပြန်ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။
မန္တလေးဒေသခံတစ်ဦးကတော့ “တံတားက ဒီမန်းလေးဘက်က တော်လှန်ရေးတပ်တွေသိမ်းထားတာကြာပြီ။ ကျောက်မြောင်းဘက်ကျတော့ စကစကအထိုင်ခံစစ်ပြင်ထားတာမျိုး။ တံတားကိုဒေသခံတွေကအသုံးမပြုရတာလည်းကြာပြီ။ ကူးတို့ဇက်တို့နဲ့ပဲသွားနေကြတာ။ အခုတံတားဖျက်ဆီးပြီးနောက်မှာလည်း ဂျက်ဖိုက်တာနဲ့ဗုံးလာကြဲနေတယ်။ နေရာတော့အတိအကျမသိရသေးဘူး”လို့ Burma VJကိုပြောပါတယ်။
တံတားကို စဉ့်ကူးမြို့ဘက်ခြမ်းမှာ MDY-PDFက စိုးမိုးထားတာဖြစ်တယ်လို့ သိရပါတယ်။
တံတားဖျက်ဆီးမှုကို ဘယ်အဖွဲ့ကလုပ်တာလဲဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။







Comments