top of page

မရာနယ်မြေလုံခြုံရေးအတွက် အမျိုးသမီးရောအမျိုးသားရော စစ်မှုထမ်းဖို့ကြေညာ

  • Writer: BVJ
    BVJ
  • Jun 6
  • 1 min read

BVJ/မိုနာ_ ဇွန် ၆၊ ၂၀၂၅


Photo: MDF
Photo: MDF

ချင်းပြည်နယ်၊ မရာနယ်မြေဒေသမှာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသမီး၊အမျိုးသားအားလုံး စစ်မှုထမ်းဖို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ - MTC/MDF က အတည်ပြုဆုံးဖြတ်လိုက်ကြောင်း မနေ့ ဇွန် ၅ရက်မှာကြေညာပါတယ်။


မေလ ၃၀ရက်ကနေ အခုလ ၁ရက်အထိ MTC/MDFထိန်းချုပ်နယ်မြေတနေရာမှာပြုလုပ်ခဲ့တဲ့ တတိယအကြိမ် မရာပြည်သူ့ ညီလာခံ သက်တမ်း၊ ပထမအကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးမှာ အခုလို အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဆုံးဖြတ်ချက်အရ ခြွင်းချက်ကလွဲပြီး ဘယ်သူမဆိုစစ်မှုထမ်းရမှာဖြစ်တယ်လို့ သိရပါတယ်။


ဒါနဲ့ပတ်သက်ပြီး MTC/MDF ကာကွယ်ရေးအတွင်းရေးမှူး ဓူဝံက“အသက် ၄၅ နှစ်အောက်စစ်မှုထမ်းဖို့ကတော့ အခု စကစလည်း အင်အားတည်ဆောက်နေတယ်ဆိုတော့ ကိုယ့်ဒေသကို လုံးလုံးစိတ်ချလို့ ရပြီဆိုတာမဟုတ်သေးတော့ ပြည်သူ့အားနဲ့အမြဲအဆင်သင့်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ့်ကျေးရွာ၊တိုက်နယ်၊ နယ်မြေလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါ။ ခြွင်းချက်အနေနဲ့ ကင်းလွတ်ခွင့်ရှိတဲ့သူတွေက မကျန်းမာတဲ့သူတွေ၊ ဘာသာရေးဆရာတွေပါပါမယ်”လို့ Burma VJကိုပြောပါတယ်။


မရာနယ်မြေအားလုံးကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအပါအဝင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အဆိုပေါင်း ၂၀ကိုအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်းနဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနဲ့ မရာပြည်သူလူထုတရပ်လုံးအတွက် ပြည့်ဝလုံခြုံတဲ့ နိုင်ငံရေးစနစ်တခုရရှိရေးတို့ကို ဆက်လက်ကြိုးပမ်းအားထုတ်သွားဖို့ကိုလည်း သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။


မရာဒေသအတွင်းမှာ ICNCC ၊ ချင်းညီနောင်အဖွဲ့ -CBတို့နဲ့ စစ်ရေး၊နိုင်ငံရေး၊ပူးပေါင်းဆောင်ရွက်နေတဲ့ Maraland Territorial Council- MTC / MDF တို့ရှိသလို ချင်းလဲန်းကောင်စီ-CC၊ ချင်းပြည်အစိုးရတို့နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်နေတဲ့ Interim Maraland Council/ CDF – Mara တို့ ရှိတယ်လို့ သိရပါတယ်။


ဓါတ်ပုံ-MDF

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page