top of page

တရုတ်ဖိအားဆက်ရှိနေတာကြောင့် ဖြေရှင်းဖို့နည်းလမ်းရှာနေတယ်လို့ TNLA ပြော

  • Writer: BVJ
    BVJ
  • Jun 5
  • 1 min read

BVJ/မိုနာ_ ဇွန် ၅၊ ၂၀၂၅


ree

တရုတ်ဖိအားဆက်ရှိနေတာကြောင့် ဒါကိုဖြေရှင်းဖို့အတွက်နည်းလမ်းရှာနေတယ်လို့ ဒီနေ့ ဇွန် ၅ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။


“တရုတ်အစိုးရရဲ့ဖိအားကလည်း ဆက်ရှိနေပါတယ်။ ရှိနေတဲ့အတွက် ဒါကိုကျမတို့နည်းလမ်းရှာဖွေပြီးတော့မှ ဆောင်ရွက်မှာဖြစ်ပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။


တရုတ်အစိုးရဦးဆောင်စီစဉ်မှုနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLAနဲ့ စစ်ကောင်စီအဖွဲ့ဟာ တွေ့ဆုံဆွေးနွေးနေတာဖြစ်ပြီး တွေ့ဆုံမှုအတွင်းမှာ TNLAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက သီပေါ၊ နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်၊မိုးမိတ်တို့ကို ပြန်ပေးဖို့တောင်းဆိုထားတာကြောင့် TNLAဘက်ကမပေးဘဲ ကာကွယ်သွားမယ်လို့ပြောထားပါတယ်။


အခုနှစ် ဧပြီ ၂၈နဲ့၂၉ရက်တို့မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေးထားတာဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုမအောင်မြင်တာကြောင့် လာမယ့်ဩဂုတ်လမှာ စစ်ကောင်စီနဲ့TNLAတို့ ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့ TNLAကအသိပေးထားပါတယ်။


လက်ရှိမှာတော့ ငလျင်ကြောင့်အခုလကုန်အထိ ယာယီအပစ်ရပ်ကြောင်း နှစ်ဖက်လုံးကကြေညာထားပေမဲ့ စစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမှာတိုက်ပွဲတွေဖြစ်ပွားပြီးစစ်ရေးတင်းမာနေတုန်းပဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page