top of page

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့အမေရိကန်ခရီးစဉ် တရုတ်ဘက်ကအတည်ပြု

Writer: BVJ
BVJ
2 minutes ago
1 min read

အီးကေ/BVJ- စက်တင်ဘာ ၂၂၊ ၂၀၂၆

၂၀၂၆ခုနှစ်၊မေ ၁၅ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့လက်ဆွဲနှုတ်ဆက်နေကြစဉ်
၂၀၂၆ခုနှစ်၊မေ ၁၅ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့လက်ဆွဲနှုတ်ဆက်နေကြစဉ်

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်၊ ၂၀၂၆ အထိ အမေရိကန်နိုင်ငံကိုနိုင်ငံတော်ခရီးစဉ်သွားရောက်မှာဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဆွေးနွေးသွားမယ်လို့ စက်တင်ဘာ ၂၁ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာလိုက်ပါတယ်။ သမ္မတထရမ့်ရဲ့ ဖိတ်ကြားချက်အရ သမ္မတ ရှီကျင့်ဖျင်သွားရောက်မှာဖြစ်တယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။


သုံးရက်ကြာမယ့်ဒီခရီးစဉ်အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေး၊ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကိစ္စရပ်တွေနဲ့ပတ်သက်ပြီး သမ္မတရှီကျင့်ဖျင်နဲ့ သမ္မတထရမ့်တို့ အကျယ်တဝင့်ဆွေးနွေးသွားကြမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂိုကျားကွန်း (Guo Jiakun)ကပြောပါတယ်။


ခရီးစဉ်ကြေညာချက်မထွက်ပေါ်မီ ကျန်းမာရေးနဲ့ပတ်သက်တဲ့အတည်မပြုနိုင်တဲ့ ကောလာဟလများထွက်ပေါ်ခဲ့

သမ္မတရှီကျင့်ဖျင်လေဖြတ်သွားပြီဆိုတဲ့ အတည်မပြုနိုင်တဲ့စွပ်စွဲချက်တွေ ဆိုရှယ်မီဒီယာပေါ်မှာပျံ့နှံ့ခဲ့ပြီးရက်ပိုင်းအကြာမှာပဲ တရုတ်နိုင်ငံဘက်ကအခုလို ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ X လူမှုကွန်ရက်ပေါ်မှာ ဝမ်ကျွန်းရှီ (Wanjun Xie) ဆိုသူကဖြန့်ဝေခဲ့တဲ့ အဲ့ဒီစွပ်စွဲချက်အတွက်သီးခြားအတည်ပြုနိုင်တဲ့ ဆေးဘက်ဆိုင်ရာအထောက်အထား၊ ဆေးရုံရဲ့ထုတ်ပြန်ချက် သို့မဟုတ် တရားဝင်စာရွက်စာတမ်းတစ်စုံတစ်ရာမရှိခဲ့ပါဘူး။


သမ္မတရှီကျင့်ဖျင်ရဲ့ ကျန်းမာရေးကောလာဟလတွေနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေက လူသိရှင်ကြားမှတ်ချက်ပေးပြောဆိုခဲ့ခြင်းမရှိဘူးလို့ အင်ဒိုနီးရှားသတင်းဌာန Sindonews ရဲ့ စက်တင်ဘာ ၁၈ ရက်သတင်းဖော်ပြချက်အရသိရပါတယ်။ စက်တင်ဘာ ၂၁ ရက်ကထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ခရီးစဉ်ကြေညာချက်မှာ ခရီးသွားလာမယ့်ရက်စွဲတွေနဲ့ ထရမ့်ရဲ့ဖိတ်ကြားချက်ကို အသေးစိတ်ဖော်ပြထားပေမဲ့ သမ္မတရှီရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။


နယူးဒေလီ ထိပ်သီးအစည်းအဝေးတက်ရောက်ပြီးနောက် ခေါင်းဆောင်အချို့ ဖျားနာခဲ့ကြတယ်ဆိုတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ပတ်သက်ပြီးသတိထားကြဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက်မှာ သီးခြား သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါပို့စ်တွေဟာ ရည်ရွယ်ချက်ရှိရှိ မကောင်းကြံလုပ်ထားတာဖြစ်တယ်လို့ ဝန်ကြီးဌာနကဖော်ပြခဲ့ပြီး၊ ABP Live ရဲ့ ဖော်ပြချက်အရ အဆိုပါသတိပေးချက်မှာ သမ္မတ ရှီရဲ့နာမည်ကို တိတိကျကျ ထည့်သွင်းဖော်ပြထားခြင်းမရှိကြောင်းသိရပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page