ငြိမ်းချမ်းရေးနဲ့စစ်ပွဲ တခုခုရွေးရတော့မယ့်အချိန်ရောက်လာပြီလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ပြော
- BVJ

- Sep 4
- 1 min read
အေတီ/BVJ_ စက်တင်ဘာ ၃၊ ၂၀၂၅

တရုတ်သမ္မတ ရှီကျင့်ဖျင်က လက်ရှိကမ္ဘာအနေနဲ့ ငြိမ်းချမ်းရေး သို့မဟုတ် စစ်ပွဲကို ရွေးချယ်မလားဆိုတဲ့ အခြေအနေရောက်နေပြီလို့ ဒီနေ့ဘေဂျင်းမှာပြုလုပ်တဲ့စစ်ရေးပြအခမ်းအနားကြီးမှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ ဘေးဂျင်းမြို့ တီယန်မင်ရင်ပြင်မှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားပွဲကို ရုရှားသမ္မတပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ခြံရံပြီး ဖိတ်ကြားထားတဲ့အခြားနိုင်ငံကခေါင်းဆောင်တွေနဲ့အတူ တရုတ်သမ္မတရှီကျင့်ဖျင်တက်ရောက်လာတာ တွေ့ရပါတယ်။
ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး အောင်နိုင်ခြင်း နှစ်၈၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို တရုတ်အစိုးရက ယူကရိန်းနိုင်ငံကိုကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားသမ္မတပူတင်၊ နျူကလီးယားလက်နက်တွေနဲ့ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်နဲ့အနောက်နိုင်ငံတွေက ပစ်ပယ်ထားတဲ့နိုင်ငံတွေက ခေါင်းဆောင်အများစုကို ဖိတ်ကြားခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားမှာ အခြားနိုင်ငံက ခေါင်းဆောင်၂၅ဦးနဲ့အတူ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း တက်ရောက်တာ တွေ့ရပါတယ်။
ရုရှားနဲ့မြောက်ကိုရီးယားအပါအဝင် ဘေဂျင်းစစ်ရေးပြအခမ်းအနားတက်ရောက်ဖို့ တရုတ်အစိုးရကဖိတ်ခဲ့တဲ့နိုင်ငံအများစုဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်နဲ့ ဥရောပက စီးပွားရေးပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံတွေဖြစ်ပါတယ်။







Comments