top of page

ရန်ကုန်၊ ရေဝေးသုဿန်မှာပြုလုပ်တဲ့ နိုင်ငံရေးအကျဉ်းသူမဝတ်ရည်အောင် စျာပန

  • Writer: BVJ
    BVJ
  • Jul 22
  • 1 min read

BVJ/မိုနာ_ဇူလိုင် ၂၂၊ ၂၀၂၅

ree

စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုဒဏ်တွေနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသူ မဝတ်ရည်အောင်ရဲ့ရုပ်အလောင်းကို ဒီနေ့ ဇူလိုင် ၂၂ရက် နေ့လယ် ၁၁နာရီမှာ ရန်ကုန်တိုင်း၊ ရေဝေးသုဿန်မှာ မီးသင်္ဂြိုလ်ခဲ့ပါတယ်။

ree

မဝတ်ရည်အောင်ရဲ့ စျာပနကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေး၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အပါအဝင် နိုင်ငံရေးအသိုင်းအဝိုင်းကလူတွေ လိုက်ပါပို့ဆောင်ကြတယ်လို့ သိရပါတယ်။


အသက် ၂၆နှစ်အရွယ် မဝတ်ရည်အောင်ဟာ စစ်တပ်အာဏာသိမ်းဆန့်ကျင်မှုမှာပါဝင်လို့ဆိုပြီး ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၄ရက်မှာ စစ်ကောင်စီကဖမ်းဆီးကာ ထောင်ဒဏ် ၇နှစ်ချမှတ်ထားတာပါ။

ree

ဖမ်းဆီးထားချိန်အတွင်း စစ်ကောင်စီရဲ့စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်မှုတွေခံခဲ့ရသလို ထောင်တွင်းဖိနှိပ်မှုတွေကြောင့် ဦးနှောက်အကျိတ်တည် မကြာခဏတက်၊သတိလစ်တဲ့ ဝေဒနာခံစားနေရသူဖြစ်ပြီး စစ်ကောင်စီကလုံလောက်တဲ့ဆေးဝါးကုသမှုလည်း မပေးခဲ့ပါဘူး။


အခုလ ၂၀ရက်နေ့ မနက်အစောပိုင်းက အင်းစိန်ဆေးရုံမှာကွယ်လွန်ခဲ့ပါတယ်။


မဝတ်ရည်အောင် အင်းစိန်ထောင်ကနေဆေးရုံရောက်လာပြီး နာရီပိုင်းအတွင်းကွယ်လွန်ခဲ့တာဖြစ်ပြီး၊ ကွယ်လွန်သွားချိန်မှာမှ ထောင်အာဏာပိုင်တွေက မိသားစုဝင်တွေကိုအကြောင်းကြားခဲ့သလို ကွယ်လွန်ပြီးရုပ်အလောင်းသွားထုတ်မှသာ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း အမိန့်ပြန်ခဲ့တယ်လို့ မဝတ်ရည်အောင်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက Burma VJကို ပြောထားပါတယ်။

ree

မဝတ်ရည်အောင်ရုပ်အလောင်းကို အင်းစိန်ဆေးရုံကနေ မနေ့က နေ့လယ်ပိုင်းမှာ နာရေးကူညီမှုအသင်း-ရန်ကုန်ကသယ်ယူခဲ့ပြီး ရေဝေးသုဿန်ကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page