မဲဆောက်မှာကျင်းပတဲ့ မဝတ်ရည်အောင် ရက်လည်ပွဲ လူရာနဲ့ချီတက်ရောက်
- BVJ

- Jul 28
- 1 min read
BVJ/ ဇူလိုင်၂၇-၂၀၂၅

ကျဆုံးသွားတဲ့ ဗကသကျောင်းသူ နိုင်ငံရေးအကျဥ်းသူ မဝတ်ရည်အောင်ရဲ့ရက်လည်ဆွမ်းသွတ်ပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ ကျောင်းသစ်ကျောင်းမှာ ဒီနေ့မနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။


ဇူလိုင် ၂၀ရက်နေ့က အင်းစိန်ထောင်မှာကျဆုံးသွားတဲ့ မဝတ်ရည်အောင်ရက်လည်ဆွမ်းသွတ်ပွဲကို နိုင်ငံရေးအကျဥ်းသားဟောင်းတွေ၊ CDM ဝန်ထမ်းတွေ၊ ဗကသ အဖွဲ့ဝင်တွေအပါအဝင် လူရာနဲ့ချီတက်ရောက်ခဲ့ပါတယ်။


ဒီပွဲကို မဲဆောက်မြို့အခြေစိုက် နိုင်ငံရေးအကျဥ်းသူများအဖွဲ့နဲ့ မဝတ်ရည်အောင်လုပ်ဖော်ကိုင်ဖက် ဗကသရဲဘော်တွေကဦးဆောင်ကျင်းပခဲ့ပြီး ပွဲအတွက်ကုန်ကျစားရိတ်အားလုံးကို လန်ဒန်အခြေစိုက် Stars of Myanmar Friendship SMFC အဖွဲ့ကကူညီပေးခဲ့တာဖြစ်ပါတယ်။
ဓါတ်ပုံ-ဘီစီ







Comments