စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၇၀ သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်
- BVJ

- Nov 10
- 1 min read
BVJ/ဂျိုး_ နိုဝင်ဘာ ၇၊ ၂၀၂၅

မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ပြည်နယ်တွေမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အောက်တိုဘာလတစ်လအတွင်းမှာ အမျိုးသမီး ၇၀ ဦးသေဆုံးခဲ့ပြီး၊ အမျိုးသမီး ၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
စစ်အုပ်စုလက်ချက်နဲ့ တစ်လအတွင်းသေဆုံးခဲ့ရတဲ့အမျိုးသမီးတွေက ရှမ်းပြည်နယ်မှာ (၂၃)ဦး၊ မန္တလေးတိုင်းမှာ (၁၃)ဦး၊ စစ်ကိုင်းတိုင်းမှာ (၁၀)ဦး၊ ချင်းပြည်နယ်မှာ (၃)ဦး၊ မကွေးတိုင်းမှာ (၃)ဦး၊ ပဲခူးတိုင်းမှာ (၅)ဦး၊ကရင်ပြည်နယ်မှာ (၃)ဦး၊ မွန်ပြည်နယ်မှာ (၃)ဦး၊ ရခိုင်ပြည်နယ်မှာ (၂)ဦး၊ ဧရာဝတီတိုင်းမှာ (၄)ဦးနဲ့ တနင်္သာရီတိုင်းမှာ (၁)ဦးတို့ဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းကို စစ်အုပ်စုက အောက်တိုဘာလအတွင်းမှာတင် အကြိမ် ၃၀ ထက်မနည်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးသေဆုံးမှုအများဆုံး ၂၃ ဦးထိသေဆုံးရတာလို့ BWUရဲ့ စာရင်းကောက်ယူမှုအရ သိရပါတယ်။

အောက်တိုဘာလအတွင်းသေဆုံးခဲ့ရတဲ့ အမျိုးသမီး ၇၀ ဦးထဲမှာ ၁၄ ဦးက အသက် ၁၈နှစ်အောက်တွေဖြစ်ကြပါတယ်။ စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် အောက်တိုဘာလအတွင်းမှာ ထိခိုက်ဒဏ်ရတဲ့ အမျိုးသမီးအရေအတွက် ၈၀ဦးအထိရှိပြီး အများစုကလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ဖြစ်တယ်လို့BWUအဖွဲ့က ပြုစုထားတဲ့စာရင်းထဲမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ငါးနှစ်နီးပါး ကာလအတွင်း အာဏာသိမ်းစစ်အုပ်စုက စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်တွေအပေါ် အမျိုးမျိုးသောရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နည်းမျိုးစုံနဲ့ကျူးလွန်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BUW)က ထုတ်ပြန်ထားပါတယ်။







Comments