top of page

ဝက်လက်မှာ လူ ၄၀ ကျော်ဖမ်းခံထားရပြီး ရွာ ၂၀နီးပါးကဒေသခံတွေ ထွက်ပြေးနေရ

  • Writer: BVJ
    BVJ
  • 2 hours ago
  • 1 min read

မိုနာ/BVJ_ နိုဝင်ဘာ ၅၊ ၂၀၂၅

ဝက်လက်နယ်အရှေ့ခြမ်းက စစ်ရှောင်ပြည်သူများ/ဓါတ်ပုံ-CJ (ပုံဟောင်းဖြစ်ပါသည်)
ဝက်လက်နယ်အရှေ့ခြမ်းက စစ်ရှောင်ပြည်သူများ/ဓါတ်ပုံ-CJ (ပုံဟောင်းဖြစ်ပါသည်)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို စစ်အုပ်စုဟာစစ်ကြောင်းထိုးပြီး အခုလ ၃ရက်နေ့ မနက် ၆နာရီခန့်မှာ မောက္ကဒီးကျေးရွာက ဒေသခံ အယောက်၄၀ကျော်ကို ဖမ်းဆီးထားပါတယ်။


ဖမ်းဆီးထားသူတွေနဲ့အတူ စစ်အုပ်စုဟာ မောက္ကဒီးရွာထဲမှာပဲရှိနေပြီးမထွက်သွားသေးတာကြောင့် ဖမ်းဆီးခံရွာသားတွေရဲ့ အခြေအနေကိုမသိရသေးဘူးလို့ ဝက်လက်ဒေသခံတွေနဲ့Wetlet Information Network အဖွဲ့က Burma VJကို ပြောပါတယ်။


ဝက်လက်ဒေသတွင်းအခြေအနေတွေကို ဖော်ပြနေတဲ့ Wetlet Information Network အဖွဲ့ကတာဝန်ရှိသူတစ်ဦးက"စစ်ကြောင်းထိုးနေတဲ့အခါကျတော့ မောက္ကဒီးရွာထဲကဖမ်းဆီးထားတဲ့ပြည်သူတွေကိုပြန်လွတ်ခြင်းမရှိသေးဘူးလို့သိရတယ်။ လက်ရှိစစ်ကြောင်းတွေထိုးနေသေးတော့ စစ်ကြောင်းနဲ့အနည်းဆုံး ၂မိုင်၊ ၃မိုင်လောက်အကွာမှာ ပြည်သူတွေနေကြဖို့၊ စစ်ရေးသတင်းတွေကိုနားစွင့်ကြဖို့ကိုအဓိကအဲ့ဒါလေး ပြောချင်ပါတယ်"လို့ ပြောပါတယ်။

လက်ရှိမှာ ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကိုကို့စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူးစတဲ့ရွာတွေက ဒေသခံတွေပြေးနေရတယ်လို့လည်း ပြောပါတယ်။


ဒီနေ့နေ့လယ်မှာလည်း ရွာသာကြီးစစ်အုပ်စုစခန်းကနေ ထုံးဘိုရွာဘက်ကိုအင်အား ၇၀ခန့်နဲ့စစ်ကြောင်းထွက်လာသလို ဝက်လက်အနောက်မြောက်ခြမ်း BTဆီဆိုင်ရဲ့အရှေ့ဘက်ထမင်းဆိုင်ကိုမီးရှို့ဖျက်ဆီးနေတယ်လို့ Wetlet Information Network အဖွဲ့ကဖော်ပြထားပါတယ်။


ဖမ်းဆီးခံထားသူတွေထဲမှာ ကလေးငယ်တွေ၊မိခင်တွေနဲ့သက်ကြီးရွယ်အိုတွေလည်းပါဝင်ပြီး စစ်အုပ်စုဟာ ရွာကနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page