ပေါက်ကန်ဘူတာရွာဗုံးကြဲခံရပြီး လသားကလေးငယ်နဲ့အမျိုးသမီးနှစ်ဦး သေဆုံး
- BVJ

- Jan 6
- 1 min read
BVJ/ဂျိုး_ဇန်နဝါရီ ၆၊၂၀၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ခြမ်းက ပေါက်ကန်ဘူတာကျေးရွာကို ဒီနေ့ ဇန်နဝါရီလ ၆ရက်မနက် ဆယ်နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ဗုံး သုံးလုံးကြဲချခဲ့တာကြောင့် လသားကလေးငယ်အပါဝင် အရပ်သား (၃)ဦးသေဆုံးပြီး (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Networkက ထုတ်ပြန်ထားပါတယ်။
ဗုံးကြဲခံရမှုအတွင်းထိခိုက်သေဆုံးသွားသူတွေကတော့ နှစ်လသားအရွယ် ကလေးငယ် တစ်ဦး၊ အသက် ၇၀အရွယ် ဒေါ်မြနဲ့ အသက် ၆၀အရွယ် ဒေါ်တင်တင်ဌေးတို့ဖြစ်ပြီး အသက် ၄ဝရွယ် အမျိုးသမီး တစ်ဦးကတော့ ဦးခေါင်းထိမှန် ဒဏ်ရာရရရှိခဲ့ပါတယ်။
လက်ရှိဗုံးကြဲခံရတဲ့နေရာမှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲ စစ်အုပ်စုကအရပ်သားတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်သလို လေကြောင်းဗုံးကြဲမှုအတွင်း လူနေအိမ်တွေနဲ့ကားတချို့ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း Wetlet Informational Networkက သိရားပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ စစ်အုပ်စုလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပဲ ကလေးငယ်အပါအဝင် အရပ်သား နှစ်ဆယ်ကျော်သေဆုံးခဲ့ပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။







Comments