တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာပြည်လာမည်
- BVJ

- Apr 23
- 1 min read
အီးကေ/BVJ-ဧပြီ ၂၂၊ ၂၀၂၆

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ငါးရက်တာအရှေ့တောင်အာရှခရီးစဥ်အဖြစ် ဗုဒ္ဓဟူးနေ့ကနေတနင်္ဂနွေနေ့အထိ ကမ္ဘောဒီးယား၊ ထိုင်းနဲ့မြန်မာနိုင်ငံတို့ကိုလာဖို့ရှိကြောင်း တရုတ်အစိုးရကအင်္ဂါနေ့မှာထုတ်ပြန်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ ကမ္ဘောဒီးယားမှာပြုလုပ်မယ့် တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “2+2” မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းရေးယန္တရား ပထမအကြိမ်အစည်းအဝေးကို တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး တုန်ကျွင်းနဲ့အတူတက်ရောက်ဖို့ရှိပါတယ်။
မြန်မာနိုင်ငံ၊နေပြည်တော်ကို ဧပြီလ ၂၅ ရက်နေ့မှာရောက်လာမှာဖြစ်ပြီး ဧပြီလ ၂၆ ရက်နေ့ တနင်္ဂနွေနေ့မှာ ပြန်ထွက်မှာလို့သတင်းရရှိပါတယ်။
တရုတ်နိုင်ငံခြားရေးဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်က သမ္မတတု မင်းအောင်လှိုင်ကို အသိအမှတ်ပြုဖို့ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ၂၀၂၄ခုနှစ်၊သြဂုတ်လက မြန်မာနိုင်ငံကိုနောက်ဆုံးလာရောက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအတု၊ လွှတ်တော်အတုနဲ့သမ္မတဖြစ်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း လာမယ့်လအတွင်းမှာ တရုတ်နိုင်ငံကိုသွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။




Comments