အသံဖိုင်ပေါက်ကြားပြီးနောက် ထိုင်းဝန်ကြီးချုပ် ရာထူးဆိုင်းငံ့ခံရ
- Zayar Oo
- Jul 4, 2025
- 1 min read
BVJ_ ဇူလိုင် ၁၊ ၂၀၂၅

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါးချိုးဖောက်တယ်လို့ စွပ်စွဲထားတဲ့အမှုကို ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဒီနေ့ ဇူလိုင် ၁ ရက်နေ့မှာ လက်ခံလိုက်ပါတယ်။
အမှုကိုလက်ခံဖို့ဆုံးဖြတ်လိုက်တဲ့အတွက် အပြီးသတ်စီရင်ချက်မချခင်အချိန်ထိ ဝန်ကြီးချုပ်ဟာ ရာထူးတာဝန်ကနေဆိုင်းငံ့ခံထားရမှာဖြစ်တယ်လို့ အမိန့်ချလိုက်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်တို့နှစ်ယောက် နယ်စပ်အရေးဆွေးနွေးတဲ့အသံဖိုင် ပေါက်ကြားပြီးနောက်ပိုင်းမှာ ဝန်ကြီးချုပ်ကိုရာထူးကနေ နုတ်ထွက်ဖို့ အထက်လွှတ်တော်အမတ်တွေက အသနားခံစာတင် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ပေါက်ကြားခဲ့တဲ့အသံဖိုင်ထဲမှာ ဝန်ကြီးချုပ်ဟာ ထိုင်းစစ်တပ်ကိုဝေဖန်ထားတာကြောင့် ဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုမှုတွေလည်းရှိခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်အကြီးအကဲနဲ့မလျော်ကန်တဲ့ အပြုအမူတွေဆောင်ရွက်ခြင်း၊ နိုင်ငံတော်အဆင့်မြင့်ဝန်ထမ်းကျင့်ဝတ်ချိုးဖောက်ခြင်း စတဲ့ပုဒ်မတွေနဲ့ငြိစွန်းခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးခံရမှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။




Comments