LV၊ Gucci အပါအဝင်နာမည်ကြီး Brand ကုန်ပစ္စည်းအတုတွေ ဘန်ကောက်မှာဖမ်းမိ
- BVJ

- Jun 9, 2025
- 1 min read
BVJ/Moore _ ဇွန် ၉ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပထုမ်ဝမ်က ထင်ရှားတဲ့ကုန်တိုက်တခုကို စီးပွားရေးဆိုင်ရာ မှုခင်းနှိမ်နင်းရေးဌာန (ECD) အဖွဲ့နဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာအဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာမှာ ဘတ် ၁၀ သန်းကျော်တန်ဖိုးရှိ နာမည်ကြီးအမှတ်တံဆိပ် ကုန်ပစ္စည်းအတုတွေကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြပါတယ်။
မနေ့ ဇွန် ၈ ရက်က ပထုမ်ဝမ်မှာရှိတဲ့ ကုန်တိုက်တစ်ခုကို ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ဝင်ရောက်စီးနင်းချိန် ကုန်တိုက်ရဲ့ကားရပ်နားရာနေရာမှာ နာမည်ကြီးအမှတ်တံဆိပ် ကုန်ပစ္စည်းအတုတွေထားတဲ့ ဂိုဒေါင်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဂိုဒေါင်ထဲမှာ နာမည်ကြီးအမှတ်တံဆိပ်အတု ရှူးဖိနပ်တွေဖြစ်တဲ့ including Dior, Louis Vuitton, Hermès, Gucci, Nike, Adidas, New Balance, and Balenciaga စတဲ့ ဖိနပ်အရံပေါင်း ၂၆၁၀ ကို သိမ်းဆည်းရရှိခဲ့တယ်လို့သိရပြီး ထိုင်းဘတ်ငွေ ၁၀ သန်းကျော် (ဒေါ်လာ ၃၀၅၀၆၀) အထိ တန်ဖိုးရှိတယ်လို့လည်း သိရပါတယ်။
ဂိုဒေါင်ထဲက ကုန်ပစ္စည်းအတုတွေကို အာဏာပိုင်တွေက သိမ်းဆည်းခဲ့ပြီးနောက် သံသယရှိသူတွေဖြစ်တဲ့ Ms. Nipaporn (၄၄ နှစ်) ၊ Mr. Siwanat (၃၂ နှစ်) နဲ့ Mr. Wanchai (၆၀ နှစ်)တို့ကိုလည်း ကုန်ပစ္စည်းအတု ရောင်းချမှုနဲ့ တရားစွဲဆို ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။




Comments