top of page

VOA နဲ့ RFA ရဲ့မိခင်အေဂျင်စီ USAGM အပါအဝင် အစိုးရလုပ်ငန်းဌာန ၇ ခုကိုလျှော့ချဖို့ ထရမ့် အမိန့်ထုတ်ပြန်

  • Writer: BVJ
    BVJ
  • Mar 19, 2025
  • 1 min read

BVJ/အိုင်းရစ် _ မတ် ၁၆ ၊ ၂၀၂၅



အမေရိကန်အသံ (VOA) နဲ့ လွတ်လပ်တဲ့အာရှအသံ (RFA) တို့ရဲ့ မိခင်အေဂျင်စီဖြစ်တဲ့ အမေရိကန်ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) အပါအဝင် အစိုးရလုပ်ငန်းဌာန ၇ ခုကို လုံးဝနီးပါးရပ်ဆိုင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးအမိန့်ထုတ်ပြန်လိုက်ပါတယ်။


VOA သတင်းဌာနက ဝန်ထမ်းပေါင်း ၁၃၀၀ ကျော်ကို မနေ့ မတ်လ ၁၅ ရက် ခွင့်ပေးခဲ့ပြီး အမေရိကန်သတင်းဝန်ဆောင်မှုနဲ့ ရုပ်သံထုတ်လွှင့်မှုတွေကို သမ္မတဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးပြီး နောက်တစ်ရက်မှာ ရပ်ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။ သမ္မတက မလိုအပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အစိုးရလုပ်ငန်းတွေရဲ့ ဗျူရိုကရေစီယန္တရားတွေကို လျှော့ချဖို့ရည်ရွယ်ချက်ဖြစ်ယ်လို့ မတ်လ ၁၄ ရက် အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ထရမ့်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးနောက် RFA က လက်ခံရရှိခဲ့တဲ့ အကြောင်းကြားစာမှာ အမေရိကန်အစိုးရက RFA နဲ့ မိတ်ဖက်သတင်းဌာနတွေအတွက် နှစ်စဉ်ပေးအပ်နေတဲ့ ထောက်ပံ့ငွေတွေကို ၂၀၂၅ မတ်လ ၁၅ ရက်နေ့စပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း လက်ကျန်ငွေတွေကို အချိန်မဆိုင်းဘဲ အစိုးရထံ ပြန်လည်ပေးအပ်ဖို့ကိုလည်း တောင်းဆိုထားတယ်လို့ RFA Burmese မှာ ဖော်ပြထားပါတယ်။ ထရမ့်ရဲ့ အမိန့်ထုတ်ပြန်ချက်ကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းဖို့ စီစဉ်နေတယ်လို့ RFA ဥက္ကဌ Bay Fang က မနေ့ မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။



ထရမ့်အစိုးရက မလိုအပ်ဘူးလို့ ဆုံးဖြတ်ပြီး ဝန်ထမ်းလျှော့ချဖို့ အမိန့်ထုတ်ခဲ့တဲ့ဌာနတွေထဲမှာ အလုပ်ရှင် အလုပ်သမားကြား အငြင်းပွားမှုဖြေရှင်းရေးဌာန (The Federal Mediation and Conciliation Service) ၊ နိုင်ငံတွင်းအိုးမဲ့အိမ်မဲ့များအတွက် ဖြေရှင်းရေးဌာန (The United States Interagency Council on Homelessness) ၊ အမေရိကန်ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) ၊ ပြတိုက်နဲ့ စာကြည့်တိုက်ဌာနတွေအပါအဝင် အဖွဲ့အစည်း ၇ ခုကို လုံးဝနီးပါးရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။


USAGM က VOA နဲ့ RFA အပါအဝင် သတင်းဌာန ၆ ခုကို နှစ်စဉ်ငွေကြေးထောက်ပံ့ ခွဲဝေပေးနေတာဖြစ်ပြီး USAGM က ကြီးကြပ်မှုနဲ့အတူ ကမ္ဘာတစ်ဝန်း ဘာသာစကားပေါင်း ၆၄ မျိုးနဲ့ ရုပ်သံထုတ်လွှင့်မှုတွေကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page