တိုင်ဖွန်းမုန်တိုင်း Kajiki ဗီယက်နမ်မှာတိုက်ခိုက်နေ
- BVJ

- Aug 26
- 1 min read
လူထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပြီး လေဆိပ်တွေပါပိတ်ထားရ
အေတီ/BVJ_ သြဂုတ်၂၅၊ ၂၀၂၆

တိုင်ဖွန်းမုန်တိုင်း Kajiki ကဂျီကီ ဗီယက်နမ်နိုင်ငံမြောက်ဘက် ကမ်းရိုးတန်းကနေတဆင့် ကုန်းတွင်းပိုင်းကို တနင်္လာနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် သစ်ပင်တွေပြိုလဲတာ၊ နေအိမ်တွေရေနစ်မြုပ်တာအပြင် လျှပ်စစ်ဓာတ်အားတွေလဲ ပြတ်တောက်ခဲ့ပါတယ်။
တနာရီ ၁၀၃မိုင်နှုန်းနဲ့ တိုက်ခိုက်လာတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဝင်ရောက်လာပြီးနောက် သိန်းနှင့်ချီတဲ့လူတွေ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသလို လေဆိပ်တွေနဲ့ စာသင်ကျောင်းတွေပါပိတ်ထားခဲ့ရပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းမှာလဲ တနင်္ဂနွေနေ့မှာ လေပြင်းတိုက်ခတ်တာနဲ့ မိုးသည်ထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့တာကြောင့် ဟိုင်နန်ကျွန်းနဲ့ ဂွမ်ဒေါင်းပြည်နယ် အစိတ်အပိုင်းအချို့မှာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့ လူနှစ်သောင်းခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။
ဗီယက်နမ်မှာလည်း Thanh Hoa၊ Quang Tri ခရိုင်နဲ့ Danang ပြည်နယ်က လူပေါင်းခြောက်သိန်းကျော်နဲ့ အိမ်ခြေ တစ်သိန်း၅သောင်းနှစ်ထောက်ခန့် ဘေးလွတ်ရာရွှေ့ပြောင်းဖို့အစီအစဉ်ရှိကြောင်း ဗီယက်နိုင်ငံ အစိုးရပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။
ဘေးလွတ်ရာ ရွှေ့ပြောင်းရေးပေးဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဗီယက်နမ်စစ်သား ၁၆,၅၀၀နဲ့အရံတပ်ဖွဲ့ဝင် ၁၀၇,၀၀၀ ကိုလည်း ဗီယက်နမ်အစိုးရက ဆင့်ခေါ်ထားပါတယ်။
တောင်တရုတ် ပင်လယ်ပြင်ထဲမှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း Kajiki ကဂျီကီ ရဲ့ အကြွင်း အကျန်တိမ်တိုက်တွေ မြန်မာနိုင်ငံထဲဝင်ရောက်လာနိုင်တာကြောင့် ဩဂုတ် ၂၆ ရက်ကနေ ၂၉ ရက်အတွင်း တိုင်းနဲ့ပြည်နယ်အချို့ဒေသတွေမှာ နေရာကွက်မိုးကြီးနိုင်ကြောင်း စစ်ကောင်စီမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref- sky news
ပုံစာ- တိုင်ဖွန်း Kajiki ဗီယက်နမ်နိုင်ငံ၊ Cua Lo ကမ်းခြေကို ချဉ်းကပ်လာစဥ်







Comments