top of page

စာတိုက်ကတစ်ဆင့်မဲပေးတာကိုကန့်သတ်ဖို့ ထရမ့်ကြိုးပမ်းမှု အမေရိကန် အယူခံတရားရုံးက ပယ်ချ

Writer: BVJ
BVJ
Sep 11
1 min read

သူရ/BVJ_စက်တင်ဘာ ၁၀၊ ၂၀၂၆

အမေရိကန်အယူခံတရားရုံးက သမ္မတဒေါ်နယ်ထရမ့်ရဲ့ စာတိုက်ကနေမဲပေးတဲ့ စည်းမျဉ်းအသစ်တွေကို အကောင်အထည်ဖော်ဖို့ကြိုးပမ်းချက်ကိုပယ်ချလိုက်ပါတယ်။ နိုဝင်ဘာ ၃ ရက် ကွန်ဂရက်လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲ မရောက်ခင် ၈ ပတ်တောင်မပြည့်တော့တဲ့အချိန်မှာ အခုလိုပယ်ချလိုက်တာပါ။


ဘော်စတွန်မြို့က အယူခံတရားရုံးက ကြာသပတေးနေ့မှာ အောက်တရားရုံးက ထုတ်ပြန်ထားတဲ့ အဆိုပါစည်းမျဉ်းတွေအပေါ် တားမြစ်မိန့်ကိုရုပ်သိမ်းပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အမေရိကန်တရားရုံးချုပ်ကလည်း အလားတူတောင်းဆိုချက်မျိုးကို စဉ်းစားသုံးသပ်နေဆဲဖြစ်ပါတယ်။


အငြင်းပွားစရာဖြစ်နေတာကတော့ သြဂုတ်လနှောင်းပိုင်းက အမေရိကန် စာတိုက်လုပ်ငန်း (USPS)ကထုတ်ပြန်ခဲ့တဲ့ စာတိုက်ကနေမဲပေးခြင်းဆိုင်ရာ တောင်းဆိုချက်အသစ်တွေပါပဲ။ စည်းမျဉ်းတွေအရ ပြည်နယ်တွေအနေနဲ့ မဲလက်မှတ်တွေကို ဖက်ဒရယ်အစိုးရကလိုက်လံစောင့်ကြည့်နိုင်ဖို့အတွက် စကင်ဖတ်လို့ရမယ့်ဘားကုဒ်တွေ ထည့်သွင်းပုံစံထုတ်ဖို့ ညွှန်ကြားထားပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးမဲဆန္ဒရှင်များအဖွဲ့ (League of Women Voters)အပါအဝင် မဲဆန္ဒရှင်အခွင့်အရေးလှုပ်ရှားသူတွေက တရားရုံးမှာလျှောက်ထားခဲ့ကြတာပါ။ ထရမ့်လိုလားတဲ့ဒီစည်းမျဉ်းတွေက စာတိုက်ကနေ မဲပေးရတာကိုအားကိုးနေရတဲ့ မဲဆန္ဒရှင်တချို့ကို မဲပေးခွင့်ဆုံးရှုံးသွားစေနိုင်တယ်လို့သူတို့ကထောက်ပြကြပါတယ်။


ဒါပေမဲ့ အယူခံတရားရုံးကတော့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ရှုပ်ထွေးမှုတွေဖြစ်လာနိုင်ခြေရှိတာကိုထောက်ပြပြီး ထရမ့်အစိုးရရဲ့တားမြစ်မိန့်ကိုပယ်ချပေးဖို့တောင်းဆိုချက်ကို လက်မခံခဲ့ပါဘူး။ လက်ရှိအချိန်မှာ အမေရိကန်ပြည်နယ် ၅၀ လုံးကပုံစံအမျိုးမျိုးနဲ့ စာတိုက်ကနေမဲပေးခွင့်ပြုထားပြီးဖြစ်ပါတယ်။


အမေရိကန် သမ္မတရဲ့အမိန့်ကတော့ ပြည်နယ်တွေကိုစနစ်အသစ်ကို ဆန္ဒအလျောက်အသုံးပြုခွင့်ပေးထားပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ ဘယ်ပြည်နယ်ကမှ အဲဒီလိုလုပ်မယ်လို့ကြေညာတာ မရှိသေးပါဘူး။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page