ဗင်နီဇွဲလားသမ္မတကို နေ့မကူးဘဲဖမ်းမိ၊ ရာဇဝတ်မှုတွေအတွက် အမေရိကန်မှာ ရုံးတင်မယ်
- BVJ

- Jan 5
- 1 min read
အောင်ထွန်း/BVJ_ ဇန်နဝါရီ ၃၊ ၂၀၂၆

သမ္မတ နီကိုလပ်စ် မာဒူရိုကိုဖမ်းပြီးခေါ်လာတဲ့ လေယာဉ်တွေဟာ ဗင်နီဇွဲလား နိုင်ငံထဲကနေထွက်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဒီကနေ့ ညနေပိုင်းကကြေငြာလိုက်ပါတယ်။ ဗင်နီဇွဲလား ဒုသမ္မတ ဒယ်စီ ရိုဒရီဂါ ကတော့ သူတို့သမ္မတနဲ့ကတော်တို့ ဘယ်ရောက်နေကြမှန်းမသိဘူးလို့ ဝန်ခံလိုက်ပါတယ်။
ဗင်နီဇွဲလားအပေါ် ခြိမ်းခြောက်မှုတွေ ပေါ်တင်ပြောပြီးတဲ့နောက်မှာ ဒီကနေ့ စနေနေ့မနက်မှာ စစ်ဆင်ရေးကြီးတခုဆင်နွှဲပြီး သမ္မတနီကိုလပ်စ် မာဒူရိုကို နေ့ချင်းပဲ အမေရိကန်တပ်တွေကဖမ်းနိုင်ခဲ့တာပါ။ ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီးဌာနကတော့ တပ်တွေအလုံးအရင်းနဲ့ဖြန့်ချလိုက်ပြီဆိုပေမယ့် မြို့တော် ကာရာကတ်စ်မှာတော့ လက်ရှိအချိန်တွေငြိမ်နေသေးပြီး လူတွေကလည်း အိမ်ပြင်မထွက်ကြသေးဘဲစောင့်ကြည့်နေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေက သတင်းပို့နေကြပါတယ်။
"မာဒူရိုရဲ့ ရာဇဝတ်မှုတွေအတွက် အမေရိကန်မှာတရားစီရင်ဖို့ဖမ်းနိုင်ခဲ့ပြီလို့ သိရပါတယ်။ ညကကြားရတဲ့ပေါက်ကွဲသံတွေက သူ့ကိုဖမ်းဖို့လွှတ်လိုက်သူတွေကို ကာကွယ်ဖို့ပစ်ခတ်သံတွေပါ"လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ယူဘီယို နဲ့စကားပြောခဲ့တဲ့ လွှတ်တော်အမတ်တစ်ဦးကတော့ လူမှုကွန်ယက်မှာ ရေးထားပါတယ်။







Comments