ပြန်ဝန်ဟောင်းဦးရဲထွဋ်နဲ့ မော်ဒယ်နန်းမွေစံတို့ အင်းစိန်ထောင်ကနေလွတ်မြောက်လာ
- BVJ

- Jan 5
- 1 min read
အေတီ/BVJ_ဇန်နဝါရီ ၄၊ ၂၀၂၆

၇၈ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း၆၀၀၀ကျော်ကို အာဏာသိမ်းစစ်အုပ်စုက ဒီနေ့ လွှတ်ပေးခဲ့တာမှာ ဦးသိန်းစိန်လက်ထက်ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဆောင်ခဲ့တဲ့ ဦးရဲထွဋ်၊ မော်ဒယ်လ်နန်းမွေစံတို့လည်း ပါဝင်ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်က ပြန်ကြားရေးဝန်ကြီးနဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၉ရက်က အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ ဃ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅တို့နဲ့ စစ်အုပ်စုကတရားစွဲပြီး ထောင်ဒဏ်ဆယ်နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အီလက်ထရောနစ် ပုဒ်မ ၃၃(က)နဲ့ ထောင်ဒဏ် ၆နှစ်ချမှတ်ခံထားရတဲ့ မော်ဒယ်လ် နန်းမွေစံဟာလည်း ဒီနေ့လွှတ်ပေးလိုက်တဲ့ လွတ်ငြိမ်းသက်သာခွင့်စာရင်းထဲမှာပါဝင်လာပါတယ်။

အာဏာသိမ်းစစ်အုပ်စုက လွတ်လပ်ရေးနေ့အထိမ်းအမှတ်ခေါင်းစဉ်နဲ့ အကျဉ်းသူ၊ အကျဉ်းသား ၆၀၀၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုပေမယ့် အဲ့ဒီထဲမှာနိုင်ငံရေးအကျဥ်းသူ၊အကျဥ်းသား ဘယ်လောက်ပါလဲဆိုတာ အတိအကျမသိနိုင်ပါဘူး။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားသောင်းနဲ့ချီဟာလည်း ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ ၂၀၂၅ခုနှစ် ဒီဇင်ဘာ၃၀ရက်နေ့အထိစာရင်းအရ နိုင်ငံရေးအကျဥ်သား နှစ်သောင်းကျော် (၂၂၆၈၂)ဦးဟာ မြန်မာနိုင်ငံအတွင်းက အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။







Comments