top of page

၂၀၀၈ ဖွဲ့စည်းပုံကိုလေးစားလိုက်နာပြီး ပြည်ထောင်စုကခွဲမထွက်ဟု စစ်အုပ်စုနဲ့တွေ့ဆုံချိန် 'ဝ'တပ်ဖွဲ့ ပြော

Writer: BVJ
BVJ
Nov 5
1 min read

မိုနာ/BVJ_နိုဝင်ဘာ ၅၊ ၂၀၂၆

UWSP/UWSAနဲ့ NSPNCတို့ ၂၀၂၆၊နိုဝင်ဘာ ၄ရက်က ပန်ဆန်းမှာတွေ့ဆုံခဲ့ပုံ(ဓါတ်ပုံ-WNL)
UWSP/UWSAနဲ့ NSPNCတို့ ၂၀၂၆၊နိုဝင်ဘာ ၄ရက်က ပန်ဆန်းမှာတွေ့ဆုံခဲ့ပုံ(ဓါတ်ပုံ-WNL)

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လေးစားလိုက်နာပြီး ပြည်ထောင်စုကနေခွဲထွက်မှာမဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းကနေဆောင်ရွက်သွားမယ်လို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းကပြောတယ်လို့ စစ်အုပ်စုဘက်ကသတင်းထုတ်ပြန်လာပါတယ်။


UWSP/UWSAနဲ့ စစ်အုပ်စုရဲ့ NSPNC(အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ) တို့ ပန်ဆန်းမြို့မှာ မနေ့က နိုဝင်ဘာ ၄ ရက်တွေ့ဆုံချိန်မှာပြောခဲ့တာဖြစ်တယ်လို့ ဒီနေ့စစ်အုပ်စုသတင်းစာတွေမှာကြေညာလာတာပါ။

UWSP/UWSAနဲ့ NSPNCတို့ ၂၀၂၆၊နိုဝင်ဘာ ၄ရက်က ပန်ဆန်းမှာတွေ့ဆုံခဲ့ပုံ(ဓါတ်ပုံ-WNL)
UWSP/UWSAနဲ့ NSPNCတို့ ၂၀၂၆၊နိုဝင်ဘာ ၄ရက်က ပန်ဆန်းမှာတွေ့ဆုံခဲ့ပုံ(ဓါတ်ပုံ-WNL)

စစ်အုပ်စုဘက်က NSPNCဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း ပြည်ထောင်စုကခွဲမထွက်ဘဲ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လိုက်နာဆောင်ရွက်မယ်လို့သိရတဲ့အတွက် ဝမ်းသာကြောင်းနဲ့ 'ဝ'တပ်ဖွဲ့နဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်တွေကိုညှိနှိုင်းပူး‌ပေါင်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆွေးနွေးပွဲမှာပြောခဲ့ပါတယ်။

UWSP/UWSAနဲ့ NSPNCတို့ ၂၀၂၆၊နိုဝင်ဘာ ၄ရက်က ပန်ဆန်းမှာတွေ့ဆုံခဲ့ပုံ(ဓါတ်ပုံ-WNL)
UWSP/UWSAနဲ့ NSPNCတို့ ၂၀၂၆၊နိုဝင်ဘာ ၄ရက်က ပန်ဆန်းမှာတွေ့ဆုံခဲ့ပုံ(ဓါတ်ပုံ-WNL)

ဒါ့အပြင် ထုတ်ပြန်ချက်အရ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)နှိမ်နင်းရေးကိစ္စတွေမှာ 'ဝ'တပ်ဖွဲ့က စစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။


စစ်အုပ်စုရဲ့ငြိမ်းချမ်းရေးကော်မတီနဲ့ 'ဝ'တပ်ဖွဲ့ဖို့ ပန်ဆန်းမှာအခုတခေါက်တွေ့ဆုံမှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး 'ဝ'တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက‌တော့ ဒါဟာပုံမှန်တွေ့ဆုံဆွေးနွေးနေကြအခြေအနေတွေသာဖြစ်ကြောင်းနဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်း ပန်းဆက်သွယ်ရေးနဲ့ ကျားဖြန့်လုပ်ငန်းတွေနှိမ်နှင်းရေးကိုသာ အဓိကထားဆွေးနွေးခဲ့တယ်လို့ Wa News Landမီဒီယာမှာဖြေထားတာကိုတွေ့ရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page