ရေနစ်သူတွေကိုကယ်ဆယ်ဖို့ကြိုးစားရင်း “ဝ”ရဲအရာရှိသေဆုံး
- BVJ

- Jul 23
- 1 min read
BVJ/ယူဂရင်း_ ဇူလိုင် ၂၃၊ ၂၀၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့ ရေဘေးမှာ ရေနစ်မြုတ်သူတွေကိုကယ်ဆယ်ဖို့ကြိုးစားခဲ့တဲ့ ကယ်ဆယ်ရေးသမား “ဝ”ရဲအရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSAကထုတ်ပြန်ပါတယ်။
မနေ့က ဇူလိုင် ၂၂ရက် မနက်ပိုင်းမှာ 'ဝ'တို့၏ပြည်နယ်မြောက်ဘက်ရှိ မိုင်းပေါက်မြို့မှာ မိုးသည်းကာ ရေကြီး၊ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့်ရေနစ်မြုတ်သူတွေရှိခဲ့ပြီး မနက် ၅ နာရီ ၅၀ ခန့်မှာ Hongwei အမှတ် ၁ တိုက်ခန်းဘေးလမ်းမပေါ်က ကားတစ်စီး ရေနစ်မြုပ်နေတဲ့အတွက် ရေမြုတ်တဲ့ကားပေါ်ကလူတွေကို ကယ်ဆယ်ဖို့ကြိုးစားရင်း ရဲအရာရှိကရေနဲ့မျောပါနစ်မြုတ်သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသွားသူဟာ မိုင်းပေါက် ရဲဌာနတရားရေးကော်မတီ မိုဘိုင်းအဖွဲ့က ရဲအရာရှိ ရဲဘော်ချင်ဟွာဖြစ်ပြီး ကယ်ဆယ်နေရင်း ရေစီးနဲ့အတူမြစ်ထဲမျောပါသွားကာတောင်ကျရေထဲမှာ ပျောက်သွားကြောင်းနဲ့ အလောင်းကိုရေအောက်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြပါတယ်။
သေဆုံးသွားတဲ့ရဲဘော်ချင်ဟွာဟာ အသက် ၂၇နှစ်အရွယ်ရှိပြီး သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီရေကြီးမှုကြောင့် အခြားသေဆုံးသူတွေလည်းရှိနေပြီး အရေအတွက်အတိအကျကိုတော့ UWSAက ဖော်ပြထားခြင်းမရှိသေးပါဘူး။







Comments