ဗင်နီဇွဲလားအပေါ် အမေရိကန်တိုက်ခိုက်မှု မြောက်ကိုရီးယားကန့်ကွက်ရှုတ်ချ
- BVJ

- Jan 5
- 1 min read
အီးကေ/BVJ_ ဒီဇင်ဘာ ၄၊ ၂၀၂၆

အမေရိကန်က ဗင်နီဇွဲလားအပေါ် တိုက်ခိုက်မှုဟာ "နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုကျူးကျော်တဲ့ အဆိုးရွားဆုံးပုံစံ" ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA ကနေ မြောက်ကိုရီးယားအစိုးရက ဒီနေ့ပြောကြားလိုက်ပါတယ်။
"ယခုဖြစ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကိုထပ်မံအတည်ပြုလိုက်တဲ့ နောက်ထပ်ဥပမာတစ်ခုဖြစ်ပါတယ်"လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောတာကို ကိုးကားပြီး KCNAမှာသတင်းဖော်ပြထားတာပါ။
မြောက်ကိုရီးယားက တနင်္ဂနွေနေ့ ဒီနေ့အစောပိုင်းမှာ ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်လိုက်ပြီးနောက် အဲ့ဒီသတင်းထုတ်ပြန်ချက်ပေါ်ထွက်လာတာဖြစ်သလို၊ မြောက်ကိုရီးယားအစိုးရရဲ့အဓိကမဟာမိတ်တရုတ်နိုင်ငံကို တောင်ကိုရီးယားသမ္မတ Lee Jae Myung နိုင်ငံတော်အဆင့်အလည်အပတ်ခရီးစဉ် စတင်တဲ့နေ့လည်းဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့လက်ရှိအခြေအနေဟာ "ဒေသတွင်းနဲ့နိုင်ငံတကာဆက်ဆံရေးပုံစံ ကပ်ဘေးကြီးတစ်ခုဆိုက်လာတဲ့ပုံစံဖြစ်နေ"ပြီလို့ မြောက်ကိုရီးယားအစိုးရကပြောထားပါတယ်။




Comments