top of page

ပတ္တယားရောက်အမေရိကန်စစ်သည်တွေ ဘတ်သန်း ၁၀၀ ခန့်သုံးစွဲဖို့ ထိုင်းမျှော်လင့်

Writer: BVJ
BVJ
Sep 3
1 min read

ယူဂရင်း/BVJ_စက်တင်ဘာ ၃၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ပတ္တရားမြို့ပေါ်ကိုအပန်းဖြေအနားယူဖို့ရောက်ရှိနေတဲ့ အမေရိကန်စစ်သည်တွေဟာ ၅ရက်အတွင်းမှာ ဘတ်သန်း၁၀၀ခန့်သုံးစွဲဖို့ ထိုင်းဘက်ကမျှော်လင့်ထားကြောင်းကို ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြပါတယ်။


မနေ့က စက်တင်ဘာ ၂ရက်မှာ အမေရိကန်ရေတပ် USS Abraham Lincoln (CVN-72)ဦးဆောင်တဲ့ လေယာဉ်တင်တိုက်ခိုက်ရေးရေယာဉ်အုပ်စုဟာ ထိုင်းနိုင်ငံ၊ Laem Chabang (လဲမ်ချဘန်) ဆိပ်ကမ်းကိုဆိုက်ကပ်လာတာဖြစ်ပြီး အဲ့ဒီမှာပါဝင်လာတဲ့စစ်သည်တွေဟာ ပတ္တယားမှာ ငါးရက်ကြာအနားယူသွားမှာဖြစ်ပါတယ်။

Photo-Bangkok Post
Photo-Bangkok Post

ပင်လယ်ပြင်မှာ ကိုးလကျော်လောက်ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာဖိစီးမှုရှိနေတဲ့ ရေတပ်သားတွေနဲ့မရိန်းတပ်သားတွေအတွက် စိတ်ဓါတ်ပြန်လည်မြှင့်တင်ပေးဖို့ ပတ္တယားမှာငါးရက်တာအနားယူဖို့ကိုစေလွှတ်ခဲ့တာဖြစ်ပါတယ်။


ဒါကြောင့် အခုလိုလူထောင်ချီလာရောက်လည်ပတ်အနားယူတာကနေ ဒေသတွင်းစီးပွားရေးကိုအထောက်အကူဖြစ်ဖို့ ထိုင်းဘက်ကမျှော်လင့်နေကြတာပါ။

အခုခရီးစဉ်ဟာ အမေရိကန်–ထိုင်းနှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေဖို့အတွက်ဖြစ်တယ်လို့လည်း နှစ်နိုင်ငံတာဝန်ရှိသူတွေကပြောကြားထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page