top of page

တိုင်းပြည်ပြန်လည်တည်ဆောက်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြံခိုင်ရေးပါတီဥက္ကဌ ဆို

  • Writer: BVJ
    BVJ
  • 3 days ago
  • 1 min read

ယူဂရင်း/BVJ_စက်တင်ဘာ ၂၉၊ ၂၀၂၅

ree

တိုင်းပြည်ပြန်လည်တည်ဆောက်ရေး၊အ‌ရှုပ်အထွေးတွေကိုဖြေရှင်းဖို့နဲ့အနာဂတ်တွေလှပစေဖို့ ခိုင်မာတဲ့ စီမံချက်တွေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ-USDPမှာ ရှိနေပြီလို့ ပါတီဥက္ကဌ ဦးခင်ရီက ပြောလာပါတယ်။

 

“တိုင်းပြည်တည်ငြိမ်ဖို့၊ သာယာဝပြောဖို့၊ လူသားအားလုံးနဲ့ လူငယ်လူရွယ်တွေရဲ့အနာဂတ်တွေလှစေဖို့၊ ပြန်လည်တည်ဆောက်ပေးဖို့ ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ မနေ့က စက်တင်ဘာ ၂၈ရက်မှာ ပါတီရဲ့ တရားဝင်ဖေ့ဘွတ်စာမျက်နှာကနေ ပြောခဲ့တာပါ။

 

ဒါ့အပြင်  အကောင်အထည်ဖော်ဖို့အတွက် အရည်အချင်းရှိတဲ့လူတွေလည်း ရှိနေပြီလို့ ဆိုထားပါတယ်။

 

နားထောင်ကောင်းရုံသက်သက် ဆောင်ပုဒ်တွေလိုအလွတ်ရွတ်ပြနေရမယ့်အစား တကယ့်ကိုအရွေ့ရှိတဲ့ ရလဒ်ကောင်းတွေပေါ်ထွက်လာတာနဲ့အတူ ဒီရလဒ်တွေကို အချိန်ကန့်သတ်ချက်၊ တိုင်းမ်ဖရိန်သတ်မှတ်ချက်တွေနဲ့သတ်မှတ်ပြီး သက်သေပြနိုင်ဖို့ ကျနော်တို့အဆင်သင့်ရှိပါတယ်။ ကျနော်တို့မှာ ဒီလမ်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ အရည်အချင်းရှိတဲ့ လူပုဂ္ဂိုလ်တွေအပြည့်အဝရှိပါတယ်

 

လာမယ့် ဒီဇင်ဘာ၂၈ရက်မှာ ကျင်းပမယ်လို့ဆိုထားတဲ့စစ်ကောင်စီရဲ့ ‌ရွေးကောက်ပွဲအပိုင်း-၁အတွက် ရေဒီယိုနဲ့ရုပ်မြင်သံကြားတွေကနေ မဲဆွယ်စည်းရုံးဟောပြောခွင့်ကို အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးမယ်လို့ကြေညာထားပါတယ်။

 

နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးခွင့်ဟာ ရက်ပေါင်း ၆၀အလိုမှာစတင်နိုင်မှာဖြစ်ပေမယ့် ဦးခင်ရီရဲ့အခုပြောဆိုချက်တွေဟာ မဲဆွယ်စည်းရုံးတဲ့ပုံစံဖြစ်နေတာကြောင့် ဥပဒေကိုချိုးဖောက်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

 

လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီနဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကနေ စစ်တပ်ကဗိုလ်ချုပ်တွေနဲ့အရာရှိတွေ ဝင်ပြိုင်မယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့် ဘယ်သူတွေပါဝင်တယ်ဆိုတာ အတိအကျမသိရသေးပါဘူး။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page