top of page

အဆိုတော်ချမ်းချမ်းရဲ့ဂီတပွဲကနေ ပေါင် ၄ သောင်းကျော်ရန်ပုံငွေရရှိ

Writer: BVJ
BVJ
1 hour ago
1 min read

အေတီ/BVJ_နိုဝင်ဘာ ၁၊ ၂၀၂၆

လန်ဒန်မြို့ Greenwich Borough Hall မှာ မနေ့ကကျင်းပခဲ့တဲ့ အဆိုတော်ချမ်းချမ်းရဲ့ စစ်ဘေးရှောင်ရန်ပုံငွေဂီတပွဲကနေ စုစုပေါင်း ပေါင် ၄ သောင်းကျော်နဲ့ညီမျှတဲ့ မြန်မာငွေကျပ်သိန်းနှစ်ထောင့်ငါးရာကျော်ရရှိခဲ့တယ်လို့သိရပါတယ်။

ဒီပွဲကိုပရိသတ် ၆၀၀ကနေ ၇၀၀နီးပါးအထိ တက်ရောက်အားပေးခဲ့ကြတာပါ။ အစားအသောက် ရောင်းရငွေ ပေါင် ၁ သောင်းကျော်၊ ချမ်းချမ်းနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်းတို့လက်မှတ်ထိုးထားတဲ့ဂစ်တာ လေလံရောင်းရငွေ ပေါင် ၂ ထောင်နဲ့ ပွဲလက်မှတ် ရောင်းရငွေ ပေါင် ၃ သောင်းနီးပါးရရှိခဲ့တာကြောင့် စုစုပေါင်း ပေါင် ၄ သောင်းကျော်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတစ်ဦးက Burma VJ ကို အတည်ပြုပြောပါတယ်။

ရရှိလာတဲ့ ဒီပေါင် ၄ သောင်းကျော်အနက် ကုန်ကျစားရိတ်တွေကို ပြန်လည်နှုတ်ယူပြီး ကျန်ရှိတဲ့ငွေအားလုံးကိုတော့ လိုအပ်နေတဲ့စစ်ဘေးရှောင်တွေအတွက်လှူဒါန်းသွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူကထပ်ဖြည့်ပြောပါတယ်။


ဒါ့အပြင် ဒီဂီတပွဲကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းကိုယ်တိုင်တက်ရောက်ခဲ့ပြီး မိခင်ဖြစ်သူ ကြိုက်နှစ်သက်တဲ့ "ခွန်အားဖြည့်မိငယ်" သီချင်းကို အဆိုတော် ချမ်းချမ်းနဲ့အတူပူးပေါင်းဖျော်ဖြေခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page