top of page

ရခိုင်မြို့နယ်လေးခုကို တစ်ရက်ထဲဗုံးကြဲမှုအတွင်း မွေးကင်းစကလေးငယ်အပါအဝင် ၁၂ ဦးသေဆုံး

Writer: BVJ
BVJ
6 minutes ago
1 min read

မိုနာ/BVJ_နိုဝင်ဘာ ၂၊ ၂၀၂၆

၂၀၂၆၊‌နိုဝင်ဘာ ၁ရက်နေ့ညနေ ၅နာရီကျော်မှာ မြောက်ဦးမြို့နယ်၊ဆေးကုသဆောင်ဗုံးကြဲခံရပြီးနောက် သေဆုံးသွားတဲ့ ၁နှစ်၆ရက်သားမွေးကင်းစကလေးငယ်နဲ့အဘွားဖြစ်သူ။
၂၀၂၆၊‌နိုဝင်ဘာ ၁ရက်နေ့ညနေ ၅နာရီကျော်မှာ မြောက်ဦးမြို့နယ်၊ဆေးကုသဆောင်ဗုံးကြဲခံရပြီးနောက် သေဆုံးသွားတဲ့ ၁နှစ်၆ရက်သားမွေးကင်းစကလေးငယ်နဲ့အဘွားဖြစ်သူ။

အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ပေါက်တောမြို့နယ်တွေ မနေ့က နိုဝင်ဘာ ၁ရက်နေ့ တစ်ရက်ထဲမှာပဲ စစ်အုပ်စုလေတပ်ကနေလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၁၂ဦးသေဆုံးခဲ့ပါတယ်။


လေကြောင်းဗုံးကြဲမှုအတွင်းသေဆုံးခဲ့သူတွေဟာ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေကဖြစ်ပြီး ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာနဲ့ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားတဲ့တံတားကို ဂျက်တိုက်လေယာဉ်နဲ့ ညနေ ၅း၂၅နာရီအချိန်မှာပစ်ခတ်မှုအတွင်း လမ်းသွားလမ်းလာခရီးသွားပြည်သူ ၇ဦးနဲ့ ၅း၂၇မိနစ်အချိန်မှာတော့ မြောက်ဦးမြိုနယ်၊ ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီးရှိ ဒေသခံပြည်သူလူထုကို ဆေးကုသပေးနေတဲ့ ယာယီဆေးကုခန်း၊ သားဖွားဆောင်နဲ့ဝန်းကျင်းကို ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ Cluster ဗုံး (၄)လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစကလေးငယ်အပါအဝင် ၅ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ AAက မနေ့က ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။


အခုသေဆုံးခဲ့တဲ့မွေးကင်းစကလေးငယ်ဟာ ၁လနဲ့၆ရက်သားသမီးငယ်လေးဖြစ်ပြီး မိခင်ဖြစ်သူဟာလည်း မွေးဖွားပြီးရက်ပိုင်းအကြာမှာ အာဟာရချို့တဲ့ကာကွယ်လွန်သွားသူဖြစ်ကြောင်းနဲ့ ကလေးငယ်ကျန်းမာရေးအတွက် မြောက်ဦးကလေးဆေးရုံကိုတင်ထားချိန်မှာ ဗုံးကြဲခံရမှုအတွင်း မြေကြီးတုန်ခါမှုဒဏ်ကိုမခံနိုင်လို့သေဆုံးသွားရတာဖြစ်တယ်လို့ ရခိုင်ဒေသတွင်းမှာပရဟိတလုပ်နေဆောင်နေသူ စာရေးဆရာကိုဝေဟင်အောင်က သူ့ရဲ့လူမှုကွန်ရက်ကနေဖော်ပြထားပါတယ်။


"လူ့ဘဝမှာ ကိုယ်ပိုင်နာမည်လေးတောင်မရသွားရဘဲ ၁လနဲ့ ၆ရက်သာ လူလုပ်ခွင့်ရခဲ့တဲ့ဒုက္ခသည်မလေး ကလေးလေးရယ် နောက်ဘဝဒီလိုအဖြစ်မျိုးနဲ့မဆုံပါနဲ့။ ကောင်းရာသုဂတိ လားပါစေ.."လို့ ကိုဝေဟင်အောင်က ရေးသားထားပါတယ်။

ဆေးရုံကိုဗုံးကြဲမှုအတွင်းမှာ ဒဏ်ရာရသူ ၉ ဦးလည်းရှိခဲ့ပြီး ဆေးဝန်ထမ်းတချို့လည်း ဒဏ်ရာရခဲ့ကြောင်းနဲ့ ဆေးခန်းအဆောင်တွေနဲ့နေအိမ်တချို့လည်းပျက်စီးခဲ့တယ်လို့ AAကထုတ်ပြန်ပါတယ်။

ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာနဲ့ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားတဲ့တံတားကို ၂၀၂၆၊နိုဝင်ဘာ ၁ရက်မှာလေကြောင်းဗုံးကြဲပြီးနောက် မြင်တွေ့ရပုံ။
ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာနဲ့ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားတဲ့တံတားကို ၂၀၂၆၊နိုဝင်ဘာ ၁ရက်မှာလေကြောင်းဗုံးကြဲပြီးနောက် မြင်တွေ့ရပုံ။

ဒါ့အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာကိုလည်း မနေ့က ညနေ၅နာရီအချိန်ခန့်မှာပဲ ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး (၅) ဦးနဲ့အမျိုးသား (၆) ဦး စုစုပေါင်း (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံတွေပျက်စီးခဲ့သလို မနက်၃နာရီ၅၈မိနစ်အချိန်ခန့်မှာလည်း ဝီရဌာနေ(ပေါက်တော)မြိုပေါ်နဲ့ ရွာချောင်းကြီးကျေးရွာတို့ကို Y-12 လေယာဉ်တစ်စီးနဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး (၃) ဦးနဲ့အမျိုးသား (၂) ဦး စုစုပေါင်း(၅)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြတယ်လို့ သိရပါတယ်။


စစ်တပ်ဟာတစ်ရက်ထဲမှာပဲ အများပြည်သူသွားလာရာ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ လူနေရပ်ကွက်တွေကို ရှေ့ဆင့်နောက်ဆင့်တိုက်ခိုက်ပြီး အကြမ်းဖက်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့တာဖြစ်တယ်လို့ အာရက္ခတပ်တော်ကပြောထားပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page