top of page

ရှေးရိုးစွဲဝါဒီ ချာလီကာ့ခ်ကိုလုပ်ကြံတဲ့သူဖမ်းမိဖို့ အက်ဖ်ဘီအိုင်အဖွဲ့ ကြိုးစားနေဆဲ

  • Writer: BVJ
    BVJ
  • Sep 12
  • 1 min read

အေတီ/BVJ_ စက်တင်ဘာ ၁၁၊ ၂၀၂၅

ree

အမေရိကန်သမ္မတထရမ့်ကိုအကြီးအကျယ်ထောက်ခံတဲ့ ရှေးရိုးစွဲအယူရှိသူ အသက်၃၁နှစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်ဟာ အမေရိကန်နိုင်ငံယူတာပြည်နယ်ထဲက တက္ကသိုလ်ဝင်းတခုထဲမှာဟောပြောနေရင်း သေနတ်နဲ့ပစ်ခတ်လုပ်ကြံခဲ့ရပါတယ်။


ချာလီကာ့ခ်ကို အ‌ဝေးကနေသေနတ်နဲ့ပစ်ခတ်လုပ်ကြံတဲ့သူကိုဖမ်းမိဖို့ အမေရိကန်ရဲတပ်ဖွဲ့က အပူတပြင်းလိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။


လတ်တလောမှာ လုပ်ကြံတဲ့သူအသုံးပြုခဲ့တဲ့ ရိုင်ဖယ်သေနတ်ကို အက်ဖ်ဘီအိုင်အဖွဲ့ကရှာဖွေတွေ့ရှိထားပြီး သူ့ရဲ့လက်ဗွေရာတွေလဲရရှိထားပြီလို့ သတင်းတွေမှာဖော်ပြထားပါတယ်။


ချာလီကာ့ခ်ကိုသေနတ်နဲ့ပစ်ခတ်ခဲ့သူရဲ့ အသက်က ကောလိပ်ကျောင်သားအရွယ်ဖြစ်တယ်ဆိုတာကိုလည်း အက်ဖ်ဘီအိုင်အဖွဲ့ခေါင်းဆောင် obert Bohlsက ထုတ်ပြောထားပါတယ်။


ချာလီကာ့ခ်သေဆုံးမှုနဲ့ပတ်သက်လို့ အရမ်းဝမ်းနည်းကြေကွဲရပြီး သူ့ကိုဆုတံဆိပ်ချီးမြှင့်ဖို့ စီစဥ်ထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပါတယ်။


ချာလီကာ့ခ်လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး သူ့ကိုထောက်ခံသူနဲ့ဆန့်ကျင်တဲ့သူတွေကြား အမြင်သဘောထားကွဲလွဲမှုတွေလည်းဖြစ်ပေါ်လာခဲ့ပါတယ်။သူလုပ်ကြံခံရပြီးတဲ့နောက်ပိုင်းမှာမှ ချာလီကာ့ခ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ အမေရိကန်အပါအဝင် အခြားနိုင်ငံကလူတွေကပိုစိတ်ဝင်စားလာကြပါတယ်။

ree
  • ချားလီကာ့ခ်ဆိုတာ ဘယ်လိုလူမျိုးလဲ

ချာလီကာ့ခ်ရဲ့ အသက် ၃၁ နှစ်၊ သူသေဆုံးတဲ့အချိန်မှာ မိန်းမနဲ့ကလေးနှစ်ယောက်ကျန်ရစ်ပါတယ်။

အမေရိကန်နိုင်ငံက ရှေးရိုးစွဲအမြင်ရှိတဲ့ ကွန်ဆာဗေးတစ်တက်ကြွလှုပ်ရှားသူတွေထဲမှာ လူသိအများဆုံးဖြစ်ပြီး သူ့သဘောထားအမြင်တွေကို မီဒီယာတွေထဲမှာအမြဲလိုလိုထွက်ပြောတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့သမ္မတဒေါ်နယ်ရမ့် အားထားယုံကြည်ရတဲ့မဟာမိတ်တစ်ဦးလည်း ဖြစ်ပါတယ်။


သူပူးတွဲတည်ထောင်ခဲ့တဲ့ Turning Point USA အဖွဲ့က ဗုဒ္ဓဟူးနေ့မှာပြုလုပ်ခဲ့တဲ့ ယူတာပြည်နယ် တက္ကသိုလ်ဝင်းတခုထဲက ဟောပြောပွဲတစ်ခုမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။သူပစ်သတ်ခံရတဲ့အချိန်အဲ့ဒီပွဲခင်းထဲမှာ သူ့ဇနီးနဲ့သူ့မိသားစုလည်း အတူရှိနေတယ်လို့သိရပါတယ်။


ချီကာဂိုမြို့ ဆင်ခြေဖုံးရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့သူဖြစ်ပြီး အသက်၁၈နှစ်မှာ Turning Point USAအဖွဲ့ကိုထူထောင်ခဲ့ပါတယ်။အမေရိကန်ကောလိပ်တွေမှာလွှမ်းမိုးနေတဲ့ လစ်ဘရယ်ယိမ်းအတွေးအခေါ် တွေကို သူ့ရဲ့ကွန်ဆာဗေးတစ်အတွေးအခေါ်တွေနဲ့အစားထိုးဖို့ရည်ရွယ်ချက်နဲ့ အဲ့ဒီအဖွဲ့ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။


သူ့ရဲ့Turning Point USAအဖွဲ့က ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ထရမ့်နဲ့ အခြားရီပတ်ဘလီကန်ပါတီက ကိုယ်စားလှယ်တွေအနိုင်ရရေးအတွက် မဲဆွယ်တာတွေလုပ်ပေးခဲ့ပြီး အကြီးအကျယ်ကူညီခဲ့ပါတယ်။

ree

ကာ့ခ်ရဲ့လက်ဝဲအယူအဆကိုဆန့်ကျင်မှု၊ လိင်ပြောင်းဆန့်ကျင်ရေးအမြင်၊ ကိုယ်ဝန်တားဆီးတဲ့ကိစ္စ လက်မခံတာ၊ လူမျိုးရေးခွဲခြားမှုတွေလုပ်တာတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုလက်မခံတာတွေ၊ ထရမ့်အစိုးရကရွှေ့ပြောင်းလုပ်သားတွေကို အုပ်စုလိုက်ဖမ်းဆီးပြန်ပို့နေတာတွေကို ထောက်ခံနေတာတွေအပြင် သေနတ်ထိန်းချုပ်ရေးမူဝါဒကို ဆန့်ကျင်တဲ့ သူ့ရဲ့အမြင်သဘောထားတွေကြောင့် လူသိများပါတယ်။


၂၀၂၀ရွေးကောက်ပွဲမှာ ထရမ့်ဆီကနေ ဂျိုးဘိုင်ဒန်ကမဲတွေခိုးတယ်ဆိုတဲ့ သတင်းအမှားတွေဖြန့်ချီတဲ့ကိစ္စကိုလည်း အားပေးထောက်ခဲ့တဲ့သူဖြစ်ပါတယ်။


ချာလီကာ့ခ်ဟာ ကိုယ့်ကိုကိုယ်ကာကွယ်ခွင့်ရဖို့ထုတ်ပြန်ထားတဲ့ အမေရိကန်နိုင်ငံကလက်နက်ကိုင်ဆောင်ခွင့်ဥပဒေကို တောက်လျှောက်ကာကွယ်ထောက်ခံခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် နောက်ဆုံးမှာတော့သူအမြဲထောက်ခံခဲ့တဲ့ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေရဲ့ဘေးထွက်ဆိုးကျိုး သေနတ်နဲ့ပစ်သတ်တာကိုသူကိုယ်တိုင်ခံလိုက်ရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page