top of page

ဒေါ်အောင်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးခံအကျဉ်းသားတွေ ခြွင်းချက်မရှိလွှတ်ပေးဖို့ ရန်ကုန်အခြေစိုက်သံရုံးတွေတောင်းဆို

  • Writer: BVJ
    BVJ
  • Apr 22
  • 1 min read

မိုနာ/BVJ_ဧပြီ ၂၂၊ ၂၀၂၆

လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့နဲ့ပြည်သူတွေ"Proof of Life"လှုပ်ရှားမှုပြုလုပ်နေပုံ (ဓါတ်ပုံ-GSCB)
လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့နဲ့ပြည်သူတွေ"Proof of Life"လှုပ်ရှားမှုပြုလုပ်နေပုံ (ဓါတ်ပုံ-GSCB)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကစပြီး စစ်အုပ်စုကမတရားဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်ကိုလွှတ်ပေးခြင်းကိုအသိအမှတ်ပြုတယ်လို့ ရန်ကုန်အခြေစိုက်သြစတေးလျသံရုံးက ဒီနေ့ ဧပြီ ၂၂ရက်နေ့လယ်မှာ ထုတ်ပြန်ပါတယ်။


“စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာစစ်တပ်မှမတရားသဖြင့်ထိန်းသိမ်းထားသည့် ဦးဝင်းမြင့်ကိုလွှတ်ပေးခြင်းအား သြစတြေးလျမှ အသိအမှတ်ပြုပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားသဖြင့်ထိန်းသိမ်းခံထားရဆဲအကျဥ်းသားများအားလုံးကို ချွင်းချက်မရှိလွှတ်ပေးရန် မိမိတို့ဆက်လက်တောင်းဆိုသည်”လို့ သြစေးလျသံရုံးကဖော်ပြပါတယ်။


ဒါ့အပြင် အရပ်သားပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ လိုအပ်နေသူအားလုံးကိုခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှုအကူအညီတွေဆီ လုံခြုံစွာအဟန့်အတားမရှိလက်လှမ်းမီစေဖို့နဲ့ စစ်မှန်ပြီးအားလုံးပါဝင်တဲ့ဆွေးနွေးမှုလုပ်ဆောင်မယ့်ကတိကဝတ်ပြုဖို့ကိုလည်း တောင်းဆိုထားပါတယ်။


ဒီအကျပ်အတည်းကိုဖြေရှင်းရာမှာလည်း အာဆီယံရဲ့အခရာကျတဲ့အခန်းကဏ္ဍကို မိမိတို့ပံ့ပိုးထောက်ခံတယ်လို့လည်း ပြောထားပါတယ်။


အလားတူပဲ ရန်ကုန်အခြေစိုက်အမေရိကန်သံရုံးကလည်း မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နဲ့မရှင်ဒေဝီတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာတဲ့သတင်းတွေကို ကြိုဆိုကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ဒီနေ့မနက်ကထုတ်ပြန်လာပါတယ်။

လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့နဲ့ပြည်သူတွေ"Proof of Life"လှုပ်ရှားမှုပြုလုပ်နေပုံ (ဓါတ်ပုံ-GSCB)
လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့နဲ့ပြည်သူတွေ"Proof of Life"လှုပ်ရှားမှုပြုလုပ်နေပုံ (ဓါတ်ပုံ-GSCB)

အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ(EU)၊ အာဆီယံ၊ အမေရိကန်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့ နိုင်ငံတကာခေါင်းဆောင်တွေက အထူးအလေးထားဆောင်ရွက်ပေးကြဖို့ဆိုပြီး နိုင်ငံ‌ရေးအကျဉ်းသားအ‌ရေး‌ဆောင်ရွက်နေတဲ့အဖွဲ့တွေ၊ သပိတ်အဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေတဲ့အဖွဲ့အစည်း ၅၈ဖွဲ့က မနေ့က ဧပြီ ၂၁ရက်မှာပူးတွဲထုတ်ပြန်ထားကြပါသေးတယ်။


ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း ခိုင်မာတဲ့အထောက်အထားပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကိုလည်း မနေ့က ဧပြီ ၂၁ရက်မှာစတင်ခဲ့ပါတယ်။




Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page