top of page

ကယားနဲ့ရခိုင်ပဋိပက္ခဒေသက အမျိုးသမီးတွေ ဖယ်ကျဉ်ခံရမှုအမြင့်ဆုံးဖြစ်နေ

  • Writer: BVJ
    BVJ
  • Oct 8
  • 1 min read

မိုနာ/BVJ_ စက်တင်ဘာ ၈၊ ၂၀၂၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်းပုန်းတန်းကျေးရွာက စစ်ဘေးဒုက္ခသည်အမျိုးသမီးတွေကို ၂၀၂၃ခုနှစ်ကတွေ့ရပုံ။(ဓါတ်ပုံ-ဂျိုး/BVJ)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်းပုန်းတန်းကျေးရွာက စစ်ဘေးဒုက္ခသည်အမျိုးသမီးတွေကို ၂၀၂၃ခုနှစ်ကတွေ့ရပုံ။(ဓါတ်ပုံ-ဂျိုး/BVJ)

မြန်မာလူငယ် ၅ဦးမှာ တစ်ဦးဟာ NEETလို့ခေါ်တဲ့ ကျောင်းလည်းမတက်၊အလုပ်လည်းမလုပ်တဲ့ အခြေအနေမှာရှိနေပြီး ဒါဟာခန့်မှန်းခြေအရေအတွက်အရ လူဦးရေ ၃ သန်းခန့်ရှိတယ်လို့ UNDPမြန်မာ ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြပါတယ်။

 

ဒီထဲမှာမှ အမျိုးသမီးတွေက ၂၅ရာခိုင်နှုန်းပါဝင်နေပြီး အဲ့ဒီမှာ ကရင်နီ(ကယား)က ၄၂ရာခိုင်နှုန်း၊ ရခိုင်က ၃၂ရာခိုင်နှုန်းနဲ့ ဖယ်ကျဉ်ခံရမှုနှုန်း အမြင့်ဆုံးထဲမှာပါဝင်တယ်လို့ အစီရင်ခံစာအရသိရပါတယ်။

 

အခုလိုလူငယ်တွေက အလုပ်အကိုင်း၊ ပညာရေးစတာတွေကို ပါဝင်လုပ်ကိုင်ခြင်းမရှိတာရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေက ဆိုးရွားပြီး လုပ်ငန်းကျွမ်းကျင်မှု၊ ဝင်ငွေရရှိနိုင်မှုသာမက လူမှုအဆင့်အတန်းမြင့်မားနိုင်မယ့် အခွင့်အလမ်းတွေကိုပါဆုံးရှုံးကြရတယ်လို့လည်း ဆိုထားပါတယ်။

 

ရခိုင်ဒေသခံအမျိုးသမီးတစ်ဦးက”အလုပ်ကတော့ အရင်စစ်မဖြစ်တုန်းကဆိုအရမ်းလုပ်ရတာ။ စစ်ဖြစ်တော့ ဒီမှာအလုပ်အကိုင်မကောင်းတော့ရန်ကုန်မှာလုပ်မယ်ဆိုပြီး တက်သွားတာ ရှိတာရောင်းချစားပြီးပဲ ရခိုင်ကိုပြန်လာရတယ်။ ရန်ကုန်မှာလည်း အရင်လိုမဟုတ်ဘူး။ လုပ်ငန်းရှာဖွေရတာအရမ်းခက်တယ်။ ဒီကြားထဲတော့ ကလေးတွေကျောင်းထားဖို့ ကြိုးစားနေရတယ်”လို့ Burma VJကို ပြောပါတယ်။

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်းပုန်းတန်းကျေးရွာက စစ်ဘေးဒုက္ခသည်အမျိုးသမီးတွေကို ၂၀၂၃ခုနှစ်ကတွေ့ရပုံ။(ဓါတ်ပုံ-ဂျိုး/BVJ)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်းပုန်းတန်းကျေးရွာက စစ်ဘေးဒုက္ခသည်အမျိုးသမီးတွေကို ၂၀၂၃ခုနှစ်ကတွေ့ရပုံ။(ဓါတ်ပုံ-ဂျိုး/BVJ)

“ကျား-မ ကွာခြားမှုနှင့်မသန်စွမ်းမှုတို့သည်လည်း ကွာဟမှုကိုပိုမိုနက်ရှိုင်းစေပြီး၊ ရန်ကုန်ကဲ့သို့သော မြို့ပြဒေသကပင် ကြီးမားသောမျှော်မှန်းချက်များကြားမှ အခွင့်အလမ်းများနည်းပါးနေသည့် မြို့ပြပဟေဠိတစ်ခုအဖြစ် တည်ရှိနေသည်”လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

 

ဒီအခြေအနေတွေကိုအရေးယူကိုင်တွယ်ခြင်းမပြုရင် မြန်မာနိုင်ငံ ရေရှည်ဆင်းရဲနွမ်းပါးမှု၊ ဖယ်ကျဉ်ခံရမှုနဲ့ လူသားအရင်းအမြစ်တွေ အလဟဿဖြစ်မှု စတဲ့ အန္တရာယ်တွေကို ရင်ဆိုင်လာရနိုင်တယ်လို့လည်း ကုလသမဂ္ဂအစီရင်ခံစာကထောက်ပြထားပါတယ်။

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page