top of page

ယာယီသမ္မတ ဦးမြင့်ဆွေသေဆုံးမှုအတွက် ပြည်သူလူထုကဝမ်းနည်းဟု စစ်ကော်မရှင်ဖော်ပြ

  • Writer: BVJ
    BVJ
  • Aug 15
  • 1 min read

ယူဂရင်း/BVJ_ သြဂုတ် ၁၂၊ ၂၀၂၅

ree

ယာယီသမ္မတ ဦးမြင့်ဆွေသေဆုံးမှုအတွက် ပြည်သူလူထုကဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ဂါရဝပြုဦးညွှတ်နှုတ်ဆက်ကြတယ်လို့ စစ်ကော်မရှင်က ဒီနေ့ထုတ်သတင်းစာတွေမှာ ဖော်ပြပါတယ်။


ဦးမြင့်ဆွေစျာပနကို နိုင်ငံတော်အဆင့်စျာပနအခမ်းအနားနဲ့ စစ်ကော်မရှင်က မနေ့က သြဂုတ် ၁၁ရက် နေ့လယ်ပိုင်းက နေပြည်တော် စစ်သင်္ချိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီစျာပနကိုစည်ကားဖို့အတွက် နေပြည်တော်ဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းမိသားစုတွေကိုပါ နာရေးပို့ဆောင်ဖို့ အမိန့်ပေးညွှန်ကြားထားတာဖြစ်ပါတယ်။

ree

“စစ်သားတွေနဲ့ စစ်ရုံးကလူတွေကို မှီခို(ဝန်ထမ်း မိသားစုဝင်တွေ)ပါ အကုန်လိုက်ရမယ်ပြောတယ်။ အဝတ်ကလည်း အပေါ်အဖြူ အောက်ကအနက်နဲ့အားလုံးဝတ်ရမယ်။ စျာပနမစခင် အနည်းဆုံး တနာရီလောက်ကြိုရောက်ပြီး တန်းစီထားရမယ်တဲ့။ ပျက်နေတဲ့လမ်းတွေလည်း ညတွင်းချင်းအကုန်ကောင်းပဲ။ သူတို့သွားမယ့်လမ်းကြောတွေကိုပြင်တာ စျာပနအတွက်”လို့ နေပြည်တော်က ဝန်ထမ်းမိသားစုဝင်တစ်ဦးက Burma VJကို ပြောပါတယ်။

ree

ယာယီသမ္မတဦးမြင့်ဆွေရဲ့ စျာပနကို စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ဒုတိယသမ္မတဟောင်းတွေဖြစ်တဲ့ သီဟသူရ တင်အောင်မြင့်ဦး၊ ဦးဉာဏ်ထွန်းတို့နဲ့ တရုတ်၊ထိုင်း၊နီပေါစတဲ့ သံရုံးတွေက သံအမတ်တွေနဲ့ ကိုယ်စားလှယ်တွေတက်ရောက်လာတာကိုလည်း တွေ့ရပါတယ်။

ree
ree

ဒါ့အပြင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင်လည်း စျာပနအခမ်းအနားတက်ရောက်ခဲ့ကြောင်း စစ်ကော်မရှင်ကဖော်ပြထားပါသေးတယ်။


ယာယီသမ္မတဦးမြင့်ဆွေ(၇၆ နှစ်)ဟာ အခုလ ၇ရက်က နေပြည်တော် စစ်ဆေးရုံမှာသေဆုံးသွားတာဖြစ်ပြီး ရုပ်အလောင်းကိုမီးသင်္ဂြိုလ်ကာ အရိုးပြာကိုဂူသွင်းခဲ့တာဖြစ်ပါတယ်။


ဓါတ်ပုံ-CINCDS


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page