top of page

ဦးမင်းဇင်ကို သူလျှိုလုပ်မှုသံသယနဲ့ဖမ်းဆီးထားကြောင်း တရုတ်အစိုးရ အတည်ပြု

  • Writer: BVJ
    BVJ
  • Jun 15
  • 1 min read

အီးကေ/BVJ- ဇွန် ၁၂၊၂၀၂၆

မြန်မာနိုင်ငံဆိုင်ရာ သုတေသနအဖွဲ့တစ်ခု ISP Myamar အင်စတီကျူ့ ဦးဆောင်သူ အမေရိကန်နိုင်ငံသားဦးမင်းဇင်ကို သူလျှိုလုပ်မှု၊တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမှုသံသယတွေနဲ့ဖမ်းဆီးထားကြောင်း ဒီနေ့ ဇွန်လ ၁၂ ရက်၊သောကြာနေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။


"မင်းဇင်ကို သူလျှိုလုပ်မှု၊တရုတ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေမှုတွေနဲ့ သံသယရှိတာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက ဥပဒေနဲ့အညီ ထိန်းသိမ်းမှုပြုလုပ်ထားပါတယ်"လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian)က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပါတယ်။ဒါ့အပြင် အဲ့ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံတောင်ပိုင်း၊ကွမ်ကျိုးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို တရုတ်အစိုးရက အကြောင်းကြားထားပြီးဖြစ်ကြောင်း သူကဖြည့်စွက်ပြောပါတယ်။


Institute for Strategy and Policy (ISP) - Myanmar အဖွဲ့ အမှုဆောင်ဒါရိုက်တာဦးမင်းဇင်ဟာ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် ကူမင်းမြို့မှာကျင်းပတဲ့ ညီလာခံတစ်ခုတက်ရောက်ဖို့သွားရောက်ချိန် ဇွန်လ၃ရက်နေ့က ကူမင်းလေဆိပ်မှာဖမ်းဆီးခံရတာဖြစ်ကြောင်း ဦးမင်းဇင်နဲ့နီးစပ်တဲ့သူတွေဆီကနေ Burma VJကအတည်ပြုချက်ရရှိထားပါတယ်။


ဒါပေမယ့် ဦးမင်းဇင်အဖမ်းခံရမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ISP-Myanmar အဖွဲ့တွေကဘက်က အခုအချိန်ထိတစုံတရာတရားဝင်မှတ်ချက်ပေးတာ၊ ထုတ်ပြန်တာတွေမရှိသေးပါဘူး။အခုလို ဦးမင်းဇင် ထိန်းသိမ်းခံရမှုဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ပြီးခဲ့တဲ့လက ဘေဂျင်းမြို့ကိုသွားတဲ့ခရီးစဉ်အပြီး နှစ်နိုင်ငံကြားတင်းမာနေတဲ့ဆက်ဆံရေးကို ပြန်လည်တည်ငြိမ်စေဖို့ ကြိုးပမ်းနေချိန်မှာ ဖြစ်လာတာပါ။


ဦးမင်းဇင်ဟာ ISP-Myanmar သုတေသနအဖွဲ့ တည်ထောင်သူဖြစ်ပြီး အဆိုပါအဖွဲ့က မကြာသေးမီနှစ်များအတွင်းမှာ တရုတ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒနဲ့ တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေကို လေ့လာရေးသားထုတ်ပြန်နေပါတယ်။ ISP-Myanmar အင်စတီကျူ့က တရုတ်နိုင်ငံရှိ သုတေသနအဖွဲ့တွေနဲ့ အပြန်အလှန်အကြံဉာဏ်တွေဖလှယ်လေ့ရှိပြီး၊ မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုတင်ပို့နေတဲ့ မြေရှားသတ္တု (rare-earth) တင်ပို့မှုလိုကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့လည်း အစီရင်ခံစာတွေထုတ်ပြန်ခဲ့ဖူးပါတယ်။


ဦးမင်းဇင်ဟာ ၁၉၈၈ခုနှစ် မြန်မာနိုင်ငံဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေ (University of California, Berkeley)မှာ ပါရဂူဘွဲ့ (PhD)သင်တန်း တက်ရောက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page