top of page

၂၀၂၁အရေးတော်ပုံဆိုပြီးမဲဆွယ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ထောင်ချခံရ

  • Writer: BVJ
    BVJ
  • 5 days ago
  • 1 min read

မိုနာ/BVJ_ဇန်နဝါရီ ၈၊ ၂၀၂၆

ဓါတ်ပုံ-ဦးလွင်မြင့်
ဓါတ်ပုံ-ဦးလွင်မြင့်

ပြည်သူ့ပါတီရဲ့ ရန်ကုန်၊သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဦးလွင်မြင့်ကို စစ်အုပ်စုက ဒီနေ့မှာထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်ပါတယ်။


ဦးလွင်မြင့်ရဲ့မဲဆွယ်စည်းရုံးမှုရုပ်သံဖိုင်တစ်ခုမှာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်စဥ်ကို “အရေးတော်ပုံ”၊“တော်လှန်ရေး”စတဲ့ စကားလုံးတွေသုံးနှုန်းခဲ့ပြီး မျိုးဆက်သုံးဆက်တိုင် နိုင်ငံရေးအကျဉ်းသားလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးအရေးယူဖို့ဆိုပြီး စစ်တပ်လော်ဘီတွေက ဝိုင်းဝန်းလှုံ့ဆော်မှုတွေလုပ်ပြီးနောက်မှာ စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECက အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ပြင်ဆင်ခဲ့တာပါ။


အဲ့ဒီနောက် ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းက ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၁၇ရက်မှာ နေအိမ်ကလာခေါ်ပြီးစစ်ဆေးကာ အာမခံနဲ့ပြန်လွှတ်ပေးခဲ့ကြောင်းနဲ့ ဒီဇင်ဘာ ၁၈ရက်မှာတော့ ရွေးကောက်ပွဲဥပဒေနည်းဥပဒေပုဒ်မ ၅၈(ဂ)နဲ့အမှုဖွင့်ပြီးနောက် ဒီနေ့ ဇန်နဝါရီ ၈ရက်မှာ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်တာဖြစ်တယ်လို့ ဦးလွင်မြင့်မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။


ဦးလွင်မြင့်ဟာ သူ့အဖေကလည်း ကိုကိုးကျွန်းပြန်ကြီးဖြစ်သလို သူကိုယ်တိုင်လည်း ၈၈နောက်ပိုင်းထောင်ကျဖူးသူဖြစ်ကြောင်းနဲ့ သူ့သားဖြစ်သူကလည်း ၂၀၂၁အရေးတော်ပုံမှာ ထောင်ကျခဲ့ပြီး လွတ်လာတာရက်ပိုင်းပဲရှိသေးတယ်လို့ ထည့်သွင်းပြောခဲ့တာပါ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page