top of page

ဖေ့စ်ဘုခ်ပေါ်ပို့စ်တင်မှုနဲ့ ဟင်းလပေးဂျိုင့်ဆွဲရောင်းတဲ့သူ နေအိမ်မှာဖမ်းဆီးခံရ

  • Writer: BVJ
    BVJ
  • 6 days ago
  • 1 min read

အီးကေ/BVJ_ဒီဇင်ဘာ ၈၊ ၂၀၂၆

ဟင်းလပေးဂျိုင့်ဆွဲရောင်းတဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးကြည်(ခ)၊ဦးကြည်မျိုးဇော်ကို ဇန်နဝါရီ ၅ရက်နေ့ ညနေ၄း၃၀မှာ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့က နေအိမ်မှာလာဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။


စစ်အုပ်စုလက်ပါးစေဟန်ငြိမ်းဦးရဲ့ တယ်လီဂရမ်အကောင့်ကလည်း ဦးကြည်ကိုဖမ်းထားပြီဆိုတာ ဓာတ်ပုံနဲ့တကွဖော်ပြထားပါတယ်။


ဦးကြည်ဟာ ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာအဖမ်းခံရပြီး ၅၀၅(က)ပုဒ်မနဲ့ထောင်ကျခဲ့ဖူးတဲ့ နိုင်ငံ​ရေးအကျဥ်သားဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။သူ့ကို ဘယ်ကိုဖမ်းခေါ်သွားတယ်မသိရသေးသလို အခုအချိန်ထိမိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။


“ညနေလေးနာရီလောက်က စရဖက ရပ်ကွက်ရုံးခေါ်သွားပြီးစစ်တယ်။သူ့ဖုန်းလည်းပါသွားတယ်။ ခုနှစ်နာရီကျတော့မရှိတော့ဘူး ခေါ်သွားကြပြီထင်တယ်” လို့ ဦးကြည်ရဲ့မိသားစုနဲ့နီးစပ်သူတစ်ဦးက Burma VJကိုအတည်ပြုပါတယ်။

ရန်ကုန်တိုင်း၊လှိုင်မြို့နယ်ထဲမှာနေထိုင်တဲ့ ဦးကြည်တို့မိသားစုဟာ လပေးဂျိုင့် ဆွဲဟင်းတွေမှာတာကို လက်ခံချက်ပြုတ်ပြီး ဦးကြည်ကိုယ်တိုင် ဘတ္ထီရီစက်ဘီးနဲ့ အိမ်တိုင်ယာရောက်လိုက်ပို့ပေးနေတဲ့လုပ်ငန်းနဲ့ရပ်တည်နေရတဲ့သူ​တွေဖြစ်ပါတယ်။အခုလိုဦးကြည်အဖမ်းခံရတဲ့အတွက် ဟင်းဂျိုင့်ပို့တဲ့အလုပ်လည်း မိသားစုကဆက်မလုပ်နိုင်လို့ ရပ်နားထားရတယ်လို့သိရပါတယ်။

ဦးကြည်အဖမ်းခံရတာဟာ အမေရိကန်ကအာဏာသိမ်းစစ်ခေါင်း‌ဆောင်မင်းအောင်လှိုင်ကိုလာဖမ်းဖို့ တိုက်တွန်းတာကြောင့်လို့ စစ်အုပ်စုဘက်ကလူတွေကပြောပေမယ့် ဦးကြည်ရဲ့ဖေ့စ်ဘုခ်ပေ့ချ်မှာတော့ နာမည်တပ်ပြီးပြောထားတာတခုမှမတွေ့ရပါဘူး။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page