နွေဦးတော်လှန်ရေးအတွင်းကျဆုံးခဲ့ရသူတွေရဲ့ နာမည်တွေရေးထိုးထားတဲ့ပုဝါအကြောင်းကို UNမှာ ဦးကျော်မိုးထွန်းပြောပြခဲ့

2 days ago
1 min read
BVJ_အောက်တိုဘာ ၂၈၊ ၂၀၂၆
၂၀၂၆၊အောက်တိုဘာ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အဲဒီလိုပြောကြားစဉ်မှာ Theater 21 အဖွဲ့ကထုတ်လုပ်ထားပြီး နွေဦးတော်လှန်ရေးအတွင်းကျဆုံးခဲ့ရသူတွေရဲ့ နာမည်တွေရေးထိုးထားတဲ့ ပုဝါလေးကိုထုတ်ပြခဲ့ပါတယ်။ အဲ့ဒီပုဝါမှာ စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူတွေဖြစ်တဲ့ အသက် ၂နှစ်ကလေးငယ်ကနေစပြီး လူပေါင်းထောင်ချီအထိပါဝင်ပါတယ်။
အဲ့ဒီနောက် မြန်မာမှာဒီလိုသေဆုံးသူနာမည်တွေထပ်မတိုးလာစေဖို့အတွက် မြန်မာပြည်သူတွေကိုအကူအညီပေးကြဖို့ ကုလသမဂ္ဂနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကို ဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်။




Comments