top of page

မြန်မာနိုင်ငံအပေါ် ICJဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဗြိတိသျှပါလီမန် မြန်မာ့အရေးအဖွဲ့ (APPG) ကြိုဆို

Writer: BVJ
BVJ
12m
1 min read

နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်မှုတွေကို ဗြိတိန်အစိုးရအနေနဲ့ ဦးဆောင်လုပ်ဆောင်ဖို့ Burma Campaign UKအဖွဲ့က တိုက်တွန်း

သူရ/BVJ_နိုဝင်ဘာ ၁၉၊၂၀၂၆

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ စီရင်ချက်ကို ဗြိတိသျှပါလီမန် မြန်မာ့အရေးအဖွဲ့ (APPG on Burma)ကကြိုဆိုလိုက်ပါတယ်။ ပူးတွဲဥက္ကဋ္ဌတွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ရူရှာနာ အလီ (Rushanara Ali) နဲ့ ဂျယ်ရမီ ဟန့် (Jeremy Hunt) တို့ လက်မှတ်ထိုးထားတဲ့ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။


"ရိုဟင်ဂျာတွေဟာ လူမျိုးတုံးသတ်ဖြတ်ခံရသူတွေဖြစ်တယ်ဆိုတဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ရဲ့ ဆက်လက်ကျူးလွန်နေတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကနေ ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူ တစ်ရပ်လုံးကို ကာကွယ်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ တတ်နိုင်သမျှ အကုန်လုပ်ဆောင်ကြဖို့ လှုံ့ဆော်တိုက်တွန်းတဲ့ အချက်ပြခေါင်းလောင်းသံ ဖြစ်လာရပါမယ်" လို့ အထက်ပါ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


"ဒါဟာ ဥပဒေကြောင်းအရ ဆောင်ရွက်မှုတစ်ခုရဲ့ အဆုံးသတ်ဖြစ်ပေမဲ့ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု (Accountability) ရှိစေဖို့နဲ့ မြန်မာပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မံမကြုံရအောင် နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ပေးဖို့အတွက် နိုင်ငံတကာရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အသစ်တစ်ဖန် ပြန်လည်စတင်ရမယ့် အချိန်ဖြစ်ပါတယ်။ ဗြိတိသျှအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် ပုံမှန်ဒဏ်ခတ်အရေးယူမှုတွေ ပြန်လည်စတင်သင့်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး လက်ကိုင်ရှိတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော် အရေးယူဆောင်ရွက်စေမယ့် ဆုံးဖြတ်ချက်ကြမ်းတစ်ခုကို တင်သွင်းရပါမယ်" လို့လည်း သူတို့က ပြောကြားခဲ့ပါတယ်။


ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို ဗြိတိသျှအစိုးရအနေနဲ့ ဦးဆောင်လုပ်ဆောင်ဖို့ Burma Campaign UK အဖွဲ့ကလည်း ယနေ့ တိုက်တွန်းလိုက်ပါတယ်။


"ဒါဟာ ရိုဟင်ဂျာတွေအတွက် သမိုင်းဝင် အောင်ပွဲတစ်ခု ဖြစ်ပေမဲ့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းလဲဖို့ လိုပါတယ်" လို့ Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ အန်နာရောဘတ်စ် (Anna Roberts) က ပြောကြားခဲ့ပါတယ်။

"ဗြိတိသျှအစိုးရအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကြမ်းကို အမြန်ဆုံး တင်သွင်းရမှာဖြစ်ပြီး မြန်မာစစ်တပ်ဆီ ငွေကြေးနဲ့ လက်နက်တွေ စီးဆင်နေမှုကို ဖြတ်တောက်နိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေကိုလည်း ဆက်လက် လုပ်ဆောင်ရပါမယ်။"


မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page