အမေရိကန်သမ္မတ၊ ယူကရိန်းသမ္မတ၊ ဥပရောပ နိုင်ငံခေါင်းဆောင်တွေ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေး
- BVJ

- Aug 19, 2025
- 1 min read
အေတီ/BVJ- သြဂုတ် ၁၈၊ ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ ဥရောပနိုင်ငံခေါင်းဆောင်တွေ အိမ်ဖြူတော်မှာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲတခုပြုလုပ်နေပါတယ်။
အိမ်ဖြူတော် ဆွေးနွေးပွဲတက်ရောက်လာတဲ့ ဥရောပနိုင်ငံခေါင်းဆောင်တွေထဲမှာ ယူကေဝန်ကြီးချုပ် ကီယာစတမ်မာ၊ပြင်သစ်ဝန်ကြီးချုပ် မက်ခရွန်၊အီတလီဝန်ကြီးချုပ်တို့ဂျော်ဂျီယာတို့အပြင် ဥရောပကော်မရှင်ဥက္ကဌ von der Leyen၊နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး Mark Rutteတို့လဲ ပါဝင်ပါတယ်။
အဲ့ဒီ အစည်းအဝေးမတိုင်ခင်နာရီပိုင်းအလိုမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မဇာလန်စကီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ရတဲ့ ဒီနေ့တွေ့ဆုံပွဲဟာအပြုသဘောဆောင်ပြီး တွေ့ဆုံခဲ့တဲ့တွေ့ဆုံမှုထဲမှာ အကောင်းဆုံးတွေ့ဆုံ ဆွေးနွေးမှုတခုလို့ ယူကရိန်းသမ္မတဇာလန်းစကီးကပြောပါတယ်။ ပြီးတော့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ဒီနေ့ပွဲစီစဥ်ပေးတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက်ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတဇာလန်းစကီးက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ဆိုရင် ဇာလန်းစကီးအနေနဲ့ ခရိုင်းမီးယားဒေသကို လက်လွှတ်ရမှာဖြစ်ပြီး၊ နေတိုးအဖွဲ့ထဲဝင်ဖို့ ဘယ်တော့မှမကြိုးစားရဘူးလို့ အိမ်ဖြူတော်မှာတွေ့ဆုံမှုမတိုင်ခင်လေးမှာ ဒေါ်နွယ်ထရမ့်က ပြောခဲ့တာအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
ဒါပေမယ့် ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဥရောပနိုင်ငံတွေနဲ့ပူးပေါင်းပြီး ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံချက်ရအောင်လုပ်ပေးမယ်လို့ သမ္မတ Trumpကပြောပါတယ်။ ပြီးတော့ ဒီနေ့အစည်းအဝေး တက်ရောက်လာတဲ့ ခေါင်းဆောင်တွေတင်မက ရုရှားသမ္မတပူတင်ကပါ ဒီစစ်ပွဲကို ရပ်တန့်ချင်နေတဲ့အတွက် ဒီအစီအစဥ်ကိုလက်ခံမှာလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဒီနေ့အစည်းအဝေးပွဲပြီးရင် ရုရှားသမ္မတပူတင်ကိုတိုက်ရိုက်ဖုန်းခေါ် ပြီး နောက်ဆုံးအခြေအနေတွေရှင်းပြဖို့ အစီအစဥ်ရှိတဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကိုပြောပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ သြဂုတ်လ၁၅ရက်နေ့ကလည်း ရုရှားသမ္မတပူတင်ကို အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်ကို သီးသန့်ဖိတ်ခေါပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျုုရယ် မက်ခရွန်နဲ့ ဂျာမန်အဓိပတိ ဖရစ်ဒရစ်မာ့စ်တို့အပါအဝင် ဥရောပခေါင်းဆောင်တွေက အပစ်အခတ်ရပ်စဲရေးစာချုပ်တစ်ခု အရင်ဆုံးလက်မှတ်ထိုးနိုင်ဖို့ လိုလားနေကြပေမယ့် စစ်ပွဲပဋိပက္ခအဆုံးသတ်ရေးညှိနှိုင်းမှုမှာ အပစ်အခတ်ရပ်စဲရေးအရင်ဆုံးလုပ်ဖို့မလိုအပ်ဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောနေပါတယ်။




Comments