top of page

ယူ​ကေ ပါလီမန်ရှေ့မှာပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် "PROOF OF LIFE"လှုပ်ရှားမှု

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

BVJ_မေ ၁၈၊ ၂၀၂၆

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာသက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ "PROOF OF LIFE" လှုပ်ရှားမှုကို မေလ ၁၇ ရက်နေ့က ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူကိုထိန်လင်း (Kim Aris)ကဦးဆောင် ပြုလုပ်ခဲ့ရာ လူရာနဲ့ချီတက်ရောက်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲအတွင်းမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုမိသားစုနဲ့ပေးတွေ့ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနဲ့ သက်ရှိထင်ရှားရှိမှုအတွက် ခိုင်လုံတဲ့သက်သေပြဖို့နဲ့ စစ်ကောင်စီအပေါ် ယူကေအစိုးရအပါအဝင် နိုင်ငံတကာကပိုမိုဖိအားပေးဖို့ စတဲ့အချက်တွေကို ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်။


____________________________

လွတ်လပ်သည့် ကျွန်ုပ်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် မိတ်ဆွေတို့တစ်ဦးချင်းစီ၏ အကူအညီကအလွန်အရေးပါပါသည်။ Paypal၊ Wise၊ NUGPayတို့ဖြင့် Burma VJကိုကူညီ၊ထောက်ပံ့နိုင်ပါသည်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page