top of page

ရေကြီးရေလျှံမှုနဲ့တောင်ပြိုမှုကြောင့် ထားဝယ်မှာသေဆုံးသူ ၃၂ ဦးအထိ ရှိလာ

Writer: BVJ
BVJ
5 hours ago
1 min read

နီသွင်/BVJ_စက်တင်ဘာ ၂၉၊၂၀၂၆

တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသတခွင်မှာ လူဦးရေစုစုပေါင်း ၃၂ ဦးသေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ပြီလို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF)ကဒီနေ့မှာထုတ်ပြန်ပါတယ်။


ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တာကြောင့် သေဆုံးမှုစာရင်းတွေဆက်ပြီးတိုးလာနိုင်တယ်လို့ TNFက ဆိုပါတယ်။ ဒါ့အပြင် ဒီနေ့စက်တင်ဘာ ၂၉ ရက်နေ့အထိပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

တောင်ပြိုမှုနဲ့ရေကြီးရေလျှံမှုတွေကြောင့် ထားဝယ်ဒေသတခွင်မှာ အဆောက်အအုံပေါင်း ၂၆၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ ပျက်စီးဆုံးရှုံးမှုစာရင်းတွေလည်းဆက်ပြီးတိုးလာနိုင်ပါတယ်။

ဒါ့အပြင် ကား၊ ဆိုင်ကယ်နဲ့ အခြားသောစက်ယန္တယားတွေ၊တိရစ္ဆာန်တွေလည်း ထိခိုက်သေဆုံးမှုတွေရှိနေပေမဲ့ ဆက်သွယ်ရေးအခက်အခဲနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် စာရင်းအပြည့်အစုံကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။


စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းတာ မရှိတော့တာကြောင့် ဒေသအများစုမှာရေပြန်ကျသွားပေမဲ့ အချို့နေရာတွေမှာတော့ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေဆက်ပြီးဖြစ်ပွားနေဆဲဖြစ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက် လုပ်ဆောင်နေရပါတယ်။

ရေပြန်ကျသွားပေမဲ့လည်း တောင်ပြိုမယ့်အန္တရာယ်တွေဆက်ရှိနေသေးတာကြောင့် အချို့ရွာတွေကဒေသခံတွေအနေနဲ့ နေအိမ်တွေဆီမပြန်ကြဖို့ တာဝန်ရှိသူတွေကသတိပေးထားပါတယ်။


ပုံစာ-ထားဝယ်ရေကြီးရေလျှံမှုနဲ့တောင်ပြိုမှုအတွင်း မြင်တွေ့ရပုံ

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page