ပါလက်စတိုင်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ်အသိအမှတ်ပြုဖို့ ယူကေကလည်းပြင်ဆင်နေ
- BVJ

- Jul 30
- 1 min read
အေတီ/BVJ- ဇူလိုင် ၃၀၊ ၂၀၂၅

အခြေအနေဆိုးရွားနေတဲ့ ဂါဇာကအခြေအနေတွေပိုကောင်းလာအောင် အစ္စရေးကမလုပ်ဘူးဆိုရင် ပါလက်စတိုင်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ် လာမယ့်စက်တင်ဘာလမှာ အသိအမှတ်ပြုဖို့ပြင်ဆင်ထားကြောင်း ယူကေနိုင်ငံခြားရေးဝန်ကြီး ကီယာစတမ်မာကပြောပါတယ်။
ပြင်သစ်နိုင်ငံကလည်း လာမယ့်စက်တင်ဘာလမှာ ပါလက်စတိုင်းကို အသိအမှတ်ပြုမယ်လို့ပြောထားတဲ့အတွက် ယူကေဟာလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံထဲမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ်ပြုမယ့် ဒုတိယမြောက်နိုင်ငံဖြစ်လာဖို့ရှိပါတယ်။
အစ္စရေးရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းမှာ လူခြောက်သောင်းကျော်အထိ သေဆုံးမှုတိုးလာတာ၊ အစာရေစာပြတ်လပ်မှုတွေဖြစ်လာတဲ့အထိ လူသားချင်းစာနာမှုဆိုင်ရာ ဘေးအန္တရာယ်တွေကြုံလာနေ ရတာတွေကြောင့် ပါလက်စတိုင်းကို လာမယ့်စက်တင်ဘာမှာ နိုင်ငံအဖြစ်အသိအမှတ်ပြုမယ်လို့ ပြင်သစ်က ကြေညာခဲ့ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြင်သစ်ကပါလက်စတိုင်းကို နိုင်ငံတော်အဖြစ် တရားဝင်အသိအမှတ်ပြုတော့မည်ဖြစ်ပြီး၊ လာမယ့် စက်တင်ဘာလမှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရားဝင်ကြေညာမှာဖြစ်ကြောင်း ပြီးခဲ့တဲ့တပါတ်ကထုတ်ပြောထားပါတယ်။
ပြင်သစ်ရဲ့ဆုံးဖြတ်ချက်ကို အစ္စရေးကကန့်ကွက်ထားပြီး၊ ယူကေရဲ့ဆုံးဖြတ်ချက်ကလဲ ဟားမက်စ်အဖွဲ့ရဲ့ ဆိုးရွားတဲ့ အကြမ်းဝါဒကို အားပေးအားမြှောက်လုပ်ရာရောက်တယ်လို့လဲ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟုက တုံ့ပြန်ထားပါတယ်။
ဒါပေမယ့် ပါလက်စတိုင်းနဲ့ပတ်သက်ပြီး ယူကေဝန်ကြီးချုပ်ကီယာစတမ်မာကို ကန့်ကွက်ဖိအားပေးမှုတွေရှိနေတဲ့အတွက် ဆုံးဖြတ်ချက်မြန်မြန်ချနိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။







Comments