top of page

ဦးခင်ရီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

  • Writer: BVJ
    BVJ
  • 2 hours ago
  • 1 min read

မိုနာ/BVJ_မတ် ၁၆၊ ၂၀၂၆

ဒီနေ့ မတ်လ ၁၆ရက်မနက်ဆယ်နာရီမှာ စစ်အုပ်စုက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်မှာစတင်ကျင်းပခဲ့ပြီး စစ်အုပ်စုရွေးကောက်ပွဲအနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ကတိသစ္စာပြုကြခဲ့ကြသလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတွေ ရွေးချယ်ခဲ့ကြတာပါ။

 

အရင်ထဲကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ-USDP ဥက္ကဋ္ဌ ဦးခင်ရီဖြစ်လာနိုင်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့သလိုပဲ ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်ဦးခင်ရီဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်လာတာဖြစ်ပါတယ်။

 

ဒါ့အပြင် ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် စစ်အုပ်စုရဲ့ပြန်ကြားရေးဝန်ကြီး ဦး​မောင်​မောင်အုန်းကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

 

ကြံ့ခိုင်ရေးပါတီဟာ စစ်အုပ်စုကကျင်းပခဲ့တဲ့ရွေးကောက်ပွဲ သုံးပိုင်းလုံးမှာ မဲအများဆုံးအနိုင်ရရှိထားတဲ့ ပါတီလည်းဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page