ယူကေက All In One Piece Movementဆန္ဒပြပွဲ

BVJ_ဒီဇင်ဘာ ၁၃၊ ၂၀၂၅

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် All In One Piece Movement ဆန္ဒပြပွဲကို ယူကေနိုင်ငံ၊ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ မနေ့က ဒီဇင်ဘာ ၁၃ရက်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီဆန္ဒပြပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်းကဦးဆောင်ခဲ့ပြီး နိုင်ငံတကာက ပံ့ပိုးမှုတွေလည်း ရရှိခဲ့ပါတယ်။
အခုလိုဆန္ဒပြပွဲတွေကို ယူကေနိုင်ငံအပါအဝင် ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ ဂျပန်၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဩစတြေးလျနဲ့အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေနဲ့ မြန်မာပြည်တွင်း လွတ်မြောက်နယ်မြေတွေမှာပါ တပြိုင်နက်ထဲပြုလုပ်ခဲ့ကြပါတယ်။



လန်ဒန်မြို့မှာပြုလုပ်တဲ့ဆန္ဒပြပွဲကိုတော့ ယူကေတနိုင်ငံလုံးက မြန်မာတိုင်းရင်းသားမျိုးစုံစုပေါင်းကာ လူဦးရေ ၁,၀၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။




Comments