top of page

"၂၀၂၀ခုနှစ် (၇၃)နှစ်မြောက်အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခွေချဂါရဝပြုခဲ့တဲ့ ဓာတ်ပုံမှတ်တမ်း "

  • Writer: BVJ
    BVJ
  • Jul 20
  • 1 min read

BVJ_ဇူလိုင် ၁၉၊ ၂၀၂၆

မြန်မာနိုင်ငံလုံးဝလွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွအာဇာနည်ခေါင်းဆောင်ကြီးကိုးဦး ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ "အာဇာနည်နေ့"ဟာ ဒီနေ့မှာ ၇၉ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။


အာဇာနည်နေ့ရောက်တိုင်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သွားရောက်ဂါရဝပြုလေ့ရှိပါတယ်။ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အတွက် ၂၀၂၁ခုနှစ်ကစပြီး ဒီနှစ် ၂၀၂၆ခုနှစ်အထိတက်ရောက်ဂါရဝပြုခွင့်ဆုံးရှုံးခဲ့ရတာ ၆နှစ်ရှိသွားပါပြီ။ အာဇာနည်နေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးတက်ရောက်ဂါဝရပြုခွင့်ရတဲ့ခုနှစ်က ၂၀၂၀ခုနှစ်ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်းစစ်အုပ်စုကဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ပါတယ်လို့ပြောနေပေမယ့် သူ့ကိုဘယ်မှာဖမ်းဆီးထိန်းသိမ်းတယ်ဆိုတာ အတိအကျထုတ်မပြောသလို၊ သားငယ်ကိုထိန်လင်းနဲ့လည်း အခုထိဆက်သွယ်ခွင့်မပြုသေးတဲ့အတွက် အသက်ရှင်နေသေးကြောင်းပြသဖို့တောင်းဆိုနေရပါတယ်။


ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Theresa Lazaro(လာဇာရို)က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်တောင်းနေတာကိုလည်း စစ်အုပ်စုဘက်ကအခုအချိန်ထိတွေ့ခွင့်မပြုသေးပါဘူး။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page