နီပေါလ်နဲ့တိဘက်မှာ ဆိုးရွားတဲ့ရေကြီးရေလျှံမှုကြောင့် လူ ၁,၃၀၀ ကျော် ပျောက်ဆုံးနေ (ဓာတ်ပုံသတင်း)
- BVJ

- Aug 28
- 1 min read
BVJ_သြဂုတ် ၂၇၊ ၂၀၂၆

ရေခဲမြစ်ပြိုကျမှုကြောင့် ရေနဲ့ဗွက်ညွန်တွေ ရုတ်တရက်အဟုန်ပြင်းစွာဝင်ရောက်လာပြီး ရပ်ရွာဒေသအချို့ကိုဖုံးလွှမ်းသွားခဲ့တဲ့နောက် နီပေါနဲ့တရုတ်နယ်စပ်တလျှောက်မှာ ပျောက်ဆုံးနေတဲ့လူရာပေါင်းများစွာကို ကယ်ဆယ်ရေးအဖွဲ့တွေကရှာဖွေနေကြပါတယ်။

ဒီဘေးအန္တရာယ်ကြောင့် နိုင်ငံခြားသားတွေနဲ့ဘုရားဖူးတွေအပါအဝင် အနည်းဆုံး လူ ၃၃၀ သေဆုံးခဲ့ပြီး နိုင်ငံခြားသား ၅၁၇ ဦးအပါအဝင် လူ ၁,၃၀၀ ကျော်ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဟိမဝန္တာဒေသတခွင်မှာလည်း လူရာပေါင်းများစွာအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

တံတား ဒါဇင်နဲ့ချီပျက်စီးခဲ့ရပြီး မိုင်၂၅ (ကီလိုမီတာ ၄၀ နီးပါး)ရှိတဲ့လမ်းတွေ ထိခိုက်ပျက်စီးခဲ့ရတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေမှာအခက်အခဲကြုံနေရတယ်လို့ နီပေါအစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။

ကြာသပတေးနေ့က ရေဘေးသင့်ဒေသတွေကနေ လူ ၁၀၀ ကျော်ကို နီပေါစစ်တပ် ရဟတ်ယာဉ်တွေနဲ့ကယ်ထုတ်နိုင်ခဲ့တယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ရာဂျာရမ် ဘတ်စနက် (Raja Ram Basnet) က ပြောပါတယ်။ အနည်းဆုံး နိုင်ငံခြားသား ၈ ဦးကို မြို့တော် ခတ္တမန္ဒုကို ရဟတ်ယာဉ်နဲ့ပို့ဆောင်ပေးခဲ့ပြီး ထရီရှူလီ (Trishuli) ရေအားလျှပ်စစ်စီမံကိန်းနဲ့ ဆက်စပ်နေတဲ့နေရာတွေမှာပိတ်မိနေသူတွေကို စစ်တပ်ကဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သူကဖြည့်စွက်ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ဘေးအန္တရာယ်ဖြစ်ပွားရာဇုန်ရဲ့ မြစ်ကြောင်းအတိုင်း ကီလိုမီတာ ၁၀၀ (မိုင် ၆၀ ခန့်) အကွာမှာရှိတဲ့ ချစ်ဗန် (Chitwan) ခရိုင်ထဲက ရုပ်အလောင်းတွေကိုတွေ့ ရှိခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာရသူ ဒါဇင်နဲ့ချီကိုလည်း အဆင့်မြင့်ဆေးဝါးကုသမှုတွေခံယူနိုင်ဖို့ ခတ္တမန္ဒုမြို့ကိုပို့ဆောင်ပေးခဲ့ပါပြီ။
ရေဘေးသင့်ခရိုင်တွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေထက် အတိုင်းအတာကြီးမားတဲ့ ထောက်ပံ့ကူညီရေးလုပ်ငန်းတွေဘက်ကို အဓိကဦးတည်လုပ်ဆောင်နေပြီဖြစ်ကြောင်း နီပေါကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဘီရှယ် ကူမာ ဘန်ဒါရီ (Bishal Kumar Bhandari)ကပြောပါတယ်။

အနည်းဆုံး ရွာ သုံးရွာကနေ လူ ၁,၂၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ သူကဆိုပါတယ်။
တိဘက်ဘက်မှာတော့ ဗုဒ္ဓဟူးနေ့က ဂီရောင်း (Gyirong) နယ်စပ်ဖြတ်ကျော်စခန်းအနီး ရွှံ့နွံပြိုကျမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ပတ်ဝန်းကျင်ဒေသတွေမှာ ပျမ်းမျှအားဖြင့် အတိမ်အနက် ၁.၅ မီတာ (၅ ပေ)ကျော်ရှိတဲ့ရွှံ့ညွန်တွေဖုံးလွှမ်းသွားခဲ့ပြီး အချို့လမ်းပိုင်းတွေမှာဆိုရင် ၂ မီတာ (၆ ပေ)ထက်တောင်ကျော်လွန်နေတယ်လို့ တရုတ်နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန CCTVကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ခရက်ဒစ် - Al Jazeera English




Comments