top of page

ဇီးကုန်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်ကလက်နက်အချို့ တော်လှန်ရေးတပ်ဖွဲ့တွေရခဲ့

  • Writer: BVJ
    BVJ
  • Mar 23
  • 1 min read

ယူဂရင်း/BVJ_မတ် ၂၃၊ ၂၀၂၆

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်ဘက်ကတက်လာတဲ့ စစ်အုပ်စုယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ အုတ်ဖို(UGF OKPO)တပ်ဖွဲ့က ဒီနေ့ မတ် ၂၃ရက် မနက်မှာအသိပေးထုတ်ပြန်လာပါတယ်။


ဇီးကုန်းမြို့ကနေတက်လာတဲ့ ဆိုင်ကယ် ၁၂စီးပါ စစ်အုပ်စုယာဉ်တန်းကို မနေ့က မတ်လ ၂၂ရက်မှာတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဇီးကုန်းမြို့နယ်၊ ဘဲ့အင်းလမ်းဆုံမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဟာ မနက် ၈း၁၅ကနေ၉း၁၅အထိရှိခဲ့တယ်လို့ သိရပါတယ်။


နှစ်ဖက်တိုက်ပွဲဖြစ်နေချိန်အတွင်းမှာ ဘဲ့အင်းလမ်းဆုံကိုစစ်အုပ်စုဘက်ကနေ စစ်ကူလာတဲ့ကားသုံးစီးကို ဇီးကုန်းမြို့ တမိုင်ခန့်အကွာရှိ မယင်းကုန်းကနေကြားဖြတ်ပြီး နာရီဝက်အကြာပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ အဲ့ဒီတိုက်ပွဲနှစ်နေရာအတွင်းမှာ စစ်အုပ်စုဘက်က ၈ဦးသေဆုံးပြီး ၉ဦးဒဏ်ရာရှိခဲ့သလို လက်နက်တွေလည်းရရှိခဲ့တာဖြစ်တယ်လို့ အုတ်ဖိုမြို့ပြပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

အခုစစ်ဆင်ရေးကို ၃၈၀၂တပ်ရင်း၊ တပ်ခွဲ(၄)၊ UGF Okpo တောက်တဲ့စစ်ကြောင်းနဲ့တပ်ခွဲ(၅)၊ BTZMတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းထိခိုက်မှုမရှိခဲ့ဘူးလို့လည်းသိရပါတယ်။

ဓါတ်ပုံ-UGF OKPO



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page