top of page

ရွှေဘိုမြို့နယ် ဆည်ပင်ကျွန်းရွာက ပျူစောထီးအထိုင်စခန်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူ

  • Writer: BVJ
    BVJ
  • Jun 14, 2025
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၁၄ ၊ ၂၀၂၅


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆည်ပင်ကျွန်းရွာ (ပျူရွာ) က အထိုင်စခန်းတွေကို ရွှေဘိုခရိုင် ဒေသကာကွယ်ရေးတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ပြီး ပျူစောီး ၁၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုင်ခရိုင် အမှတ် ၁၈ တပ်ရင်းက ဒီနေ့ ဇွန် ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။


ဆည်ပင်ကျွန်းရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအထိုင်စခန်းတွေကို အခုလ ဇွန် ၉ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄၅ မိနစ်ခန့်အကြာ ၆ နာရီ ၁၅ မိနစ်ဝန်းကျင်ဟာ အထိုင်စခန်းအားလုံးကို သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး ၁၈ ဦးကို ဖမ်းဆီးရမိခဲ့သလို G3 သေနတ် ၂ လက်၊ ကာဘိုင်သေနတ် ၆ လက်၊ ၁၂ ဗို့ ၂ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ဆည်ပင်ကျွန်းမှာ တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက Y12 လေယာည်နဲ့ ဗုံးသီး ၁၉ လုံး ကြဲချတိုက်ခိုက်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


ယင်းစစ်ဆင်ရေးကို ရွှေဘိုခရိုင် အမှတ် ၁၈ ၊ ၁၅၊ ၂၃၊ ၂၆၊ ၉၇၀၆၊ ၁၇၀၁ တပ်ရင်းနဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page