ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဥက္ကဌဦးအောင်ဆန်းမြင့် ကွယ်လွန်
- BVJ

- 2 days ago
- 1 min read
BVJ_သြဂုတ် ၃၀၊ ၂၀၂၆

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဌဦးအောင်ဆန်းမြင့်ဟာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက် ထိုင်းစံတော်ချိန် ညနေ ၃ နာရီ ၁၃ မိနစ်အချိန်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)မှာလည်း အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ ဦးအောင်ဆန်းမြင့်ဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားအင်အားစုတွေ အားလုံးဟန်ချက်ညီညီနဲ့တိုက်ပွဲဝင်ကြဖို့ အမြဲတမ်းတိုက်တွန်းလေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။
ဦးအောင်ဆန်းမြင့်ဟာ ကျောက်ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေချိန်အတွင်း ကွယ်လွန်ခဲ့တာလို့သိရပါတယ်။




Comments