top of page

မလှိုင်မှာ အမျိုးသား ၁၀ဦးနဲ့ အမျိုးသမီး ၂ဦးအသတ်ခံရပြီးနောက် စစ်တပ်ကဒေသတွင်းတပ်စွဲနေ

  • Writer: BVJ
    BVJ
  • 14 minutes ago
  • 1 min read

မိုနာ/BVJ_စက်တင်ဘာ ၁၊ ၂၀၂၆

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ထမ္မကြီးကျေးရွာမှာ မနေ့က သြဂုတ် ၃၁ရက် မနက်အစောပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၁၂ဦးဟာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။


သေဆုံးသူတွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်(၄၄)နှစ်၊ ဦးမောင်သိန်း(၄၃)နှစ်၊ ဦးချစ်စမ်းမောင်(၄၄)နှစ်၊ ဦးဗိုလ်သက်လင်း(၄၀)နှစ်၊ဦးသန်းဌေးအောင်(၃၉)နှစ်၊ဦးဝေယံစိုး(၃၂)နှစ်၊ ဦးဇော်ခက်(၄၅)နှစ်၊ဦးဟိန်းဝဏ္ဏဇော်(၂၂)နှစ်၊ ဦးဝင်းနိုင် (၄၄)နှစ်၊ဦးအုန်းမောင်(၆၃)နှစ်၊ ဒေါ်ခင်မူ(၄၄)နှစ်နဲ့ဒေါ်လဲ့လဲ့ဝင်း (၄၄)နှစ်တို့ဖြစ်ပြီး ဘယ်သူမှန်းမသိရတဲ့သူတွေဟာ ကျေးရွာအတွင်းကိုဆိုင်ကယ်တွေနဲ့အုပ်စုလိုက်ဝင်လာပြီး သေနတ်နဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ဒီပစ်ခတ်မှုဟာ PDFတွေလုပ်တာလို့ အာဏာသိမ်းစစ်အုပ်စုဘက်ကတော့စာထုတ်ထားပြီး လက်ရှိမှာနယ်မြေလုံခြုံရေးနဲ့ ပစ်ခတ်သူတွေကိုဖမ်းဆီးဖော်ထုတ်နိုင်ရေးလုပ်နေတယ်လို့ ဆိုထားပါတယ်။


လက်ရှိမှာလည်း စစ်တပ်ဘက်က အဲ့ဒီရွာနဲ့အနီးတဝိုက်ကို လက်နက်ကိုင်ဆောင်ထားပြီးစောင့်ကြပ်နေတယ်လို့ မလှိုင်ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်ကအခုလိုတပ်စွဲထားတာကြောင့် နောက်ဆက်တွဲပြဿနာတွေပိုဆိုးလာပြီး နယ်မြေမတည်ငြိမ်မှုဖြစ်လာမှာကိုလည်း ဒေသခံတွေကစိုးရိမ်နေကြပါတယ်။


ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး PDFတွေဘက်ကတော့ အခုချိန်ထိ တုန့်ပြန်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ပစ်ခတ်ခံရပြီးသေဆုံးသွားသူ ၁၂ဦးထဲမှာ သားအဖတွေနဲ့ ဇနီးမောင်နှံတွေလည်းပါဝင်ပြီး ပစ်သေဆုံးသွားသူကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးလင်းထိုက်ဟာ ပြည်သူ့လုံခြုံရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့(ပလကဖ) ခေါ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။အခုဖြစ်စဉ်ဖြစ်ပွားသွားတဲ့ဒေသတွေဟာ စစ်တပ်ထောက်ခံသူများပြားတဲ့ စစ်တပ်အားကောင်းတဲ့နေရာတွေလည်းဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page