“ဂမ်ဘီယာဘက်ကို အလေးပေးဆုံးဖြတ်မယ်လို့ မျှော်လင့်ပါတယ်”

BVJ_နိုဝင်ဘာ ၁၈၊ ၂၀၂၆
မနက်ဖြန် နိုဝင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံအပေါ် စွဲချက်တင်ထားတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကနေ အပြီးသတ်စီရင်ချက်ချတော့မှာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေဘက်ကရပ်တည်တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံကို ICJ ကအနိုင်ပေးပြီး မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း အပြစ်ရှိတယ်လို့ ဆုံးဖြတ်ချက်ချမှတ်လိုက်မယ်ဆိုရင်...
နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာနိုင်မလဲ၊ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လက်တွေ့ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေယူဆောင်လာပေးနိုင်မလဲ။
လက်တွေ့မှာရော စစ်အုပ်စုကို တကယ်အရေးယူနိုင်မှာလား၊ဒီဆုံးဖြတ်ချက်က တောင်အာဖရိကနိုင်ငံက အစ္စရေးကိုတရားစွဲထားတဲ့ အမှုအပေါ်မှာရော ဘယ်လိုသက်ရောက်မှုရှိလာနိုင်မလဲ။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network)ကို ဦးဆောင်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကို Burma VJ အဖွဲ့သား ကိုအောင်ကြီးက ဆက်သွယ်မေးမြန်းတင်ဆက်ပေးထားပါတယ်။
အင်တာဗျူးအပြည့်အစုံကို ဒီလင့် https://www.youtube.com/watch?v=MlYoREzfQrc ကိုနှိပ်ပြီး ဆက်လက်ကြည့်ရှုနားဆင်နိုင်ပါတယ်။




Comments