top of page

စစ်ကောင်စီထံမှာတပ်သားသစ်အဖြစ် ဖမ်းဆီးခံရသူ ၆ ဦး အလင်းဝင်

  • Writer: BVJ
    BVJ
  • Jun 11
  • 1 min read

BVJ/ဇော်_ဇွန် ၁၁၊ ၂၀၂၅

ree

ကရင်ပြည်နယ် မြဝတီမြို့က မြို့စောင့်တပ် ၂၇၅ မှာစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား (၃)ဦး အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက မနေ့က ဇွန်လ ၁၀ ရက်နေ့မှာထုတ်ပြန်လာပါတယ်။


ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်လာတဲ့ ရဲဘော် (၃) ဦးကို ဆုငွေ (၅) သိန်းကျပ်စီပေးခဲ့ပြီး တပ်ခွဲမှာ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။


“ရွှေပြည်သာ၊ အင်းစိန်နဲ့ ပြည်ကနေ စစ်မှုမထမ်းမနေရစနစ်နဲ့ သင်တန်းဆင်းလာတဲ့ရဲဘော်တွေပါ။ သူတို့က မြဝတီ မြို့စောင့်တပ်-၂၇၅ ကထွက်ပြေးလာပြီး ကျွန်တော်တို့ အဖွဲ့ဆီရောက်လာတာပါ။ လက်နက်ယူဆောင်လာတာတော့ မရှိပါဘူး”လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက တာဝန်ရှိသူတစ်ဦးက Burma VJ ကိုပြောပါတယ်။


စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရစနစ်ကြောင့် စစ်မှုထမ်းရတဲ့သူတွေနဲ့ အတင်းအဓမ္မဖမ်းဆီးခြင်းကို ခံခဲ့တဲ့သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ရောက်လာတာတွေရှိနေပြီးတော့ အတင်းအဓမ္မဖမ်းဆီးခံခဲ့ရတဲ့ တပ်သား (၁) ဦး လက်နက်နဲ့ ဆက်စပ်ပစ္စည်းအချို့ ယူဆောင်လာပြီး အလင်းဝင်ခဲ့တယ်လို့ ဒီနေ့ ဇွန်လ ၁၁ ရက်မှာ ဗျူဟာ၃၃ နယ်မြေ ၊ ဒေါနတပ်ရင်း ၊ ‌တပ်ခွဲ(၄) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။



ဇွန်လ ၁ ရက်နေ့မှာ အလင်းဝင်ခဲ့တဲ့တပ်သားက ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့သူဖြစ်ပြီး ညဘက် အပြင်ထွက်ချိန် အတင်းပေါ်တာဆွဲဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်သင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပြီးနောက် ခေါဇာမြို့နယ်ခွဲ ခလရ - ၃၁ မှာ ၇လခန့် တာဝန်ထမ်းဆောင်ပြီးနောက် ကင်းတာဝန်ကျချိန်မှာ MA-1 တစ်လက်၊ ကျည်ဘောက် တစ်ခု ၊ ၅.၅၆ ကျည် ၂၅ တောင့်နဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရတဲ့ ပြည်သူ့စစ် (၂) ဦးလည်း ဇွန်လ (၉) ရက်နေ့မှာ အလင်းဝင်ရောက်လာမှုရှိတယ်လို့ ဒေါနစစ်ကြောင်း(၂)၊ ရေးပြောက်ကျားတပ် (YGF) က မနေ့ ဇွန်လ (၁၀) ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။ မွန်ပြည်နယ် ၊ရေးမြို့နယ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (၂၉၉) ကနေ YGF ဆီ အလင်းဝင်လာတာဖြစ်ပြီး MA-1 (၁)လက်၊ ကျည်ဘောက် (၄)ဘောက်၊ ကျည်(၁၂၃)တောင့်ကို ယူဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။


အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နွေးထွေးစွာကြိုဆိုပြီးတော့ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသော တပ်သားတွေနဲ့ ပြည်သူဘက်ကရပ်တည်ပြီး အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ကာ အလင်းဝင်ရောက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page