တောင်သာမြို့ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူကို ရဲစခန်းဝန်းကျင်မှာပဲ PDFပစ်ရှင်း

BVJ_နိုဝင်ဘာ ၄၊ ၂၀၂၆

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက တောင်သာမြို့နယ်ရဲ့ ပြည်သူ့စစ်ခေါင်းဆောင် ပြည့်ဖြိုးမောင်(ခေါ်)ငပြည့်ဆိုသူကို တောင်သာPDFအဖွဲ့က မနေ့က နိုဝင်ဘာ ၃ရက်မှာအသေပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒီနေ့မှာထုတ်ပြန်လာပါတယ်။
တောင်သာမြို့နာရီစင်အနီးမှာ ဘီယာဆိုင်ထိုင်သောက်နေတဲ့အချိန် ညနေခြောက်နာရီခန့်မှာရှင်းလင်းခဲ့တာဖြစ်ပြီး ရှင်းလင်းခဲ့တဲ့နေရာဟာ ရဲစခန်းအနီး ပေ ၁၇၀ အကွာအဝေးမှာဖြစ်ကြောင်းနဲ့ အခုစစ်ဆင်ရေးဟာ တောင်သာPDF(TTA-PDF)ရဲ့ ပြောက်ကျားစစ်ဆင်ရေးဖြစ်တယ်လို့ ပြောထားပါတယ်။
အခုရှင်းလင်းခဲ့တဲ့ ပြည့်ဖြိုးမောင်(ခေါ်)ငပြည့်ဆိုသူဟာ တောင်သာမြို့နယ်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်တာဝန်ယူထားပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကထဲက နိုင်ငံရေးလှုပ်ရှားမှုနဲ့ဖမ်းဆီးခံရတဲ့ တောင်သာမြို့နယ်သူ/သားတွေကို စစ်ကြောရေးမှာ အရက်စက်ဆုံးစစ်ဆေးခဲ့သူဖြစ်ကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများစွာကျူးလွန်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်စစ်ဆေးမှုးတွေကို စစ်အုပ်စုရဲ့စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးဝဏ္ဏဌေးနဲ့အတူပူးပေါင်းပြီး မြို့ခံပြည်သူတွေကို နှိပ်စက်သတ်ဖြတ်မှုမှာပါဝင်ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ တောင်သာPDFကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နယ်မြေအတွင်း စစ်အုပ်စုစစ်ကြောင်းထိုးရာမှာလည်း သူကဦးဆောင်ပါဝင်သူဖြစ်ပြီး ဖမ်းဆီးခံPDFရဲဘော်တွေကိုလည်း နှိပ်စက်ညှင်းပန်းမှုဟာနာမည်ဆိုးနဲ့ကျော်ကြားသူဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
ဒီအချက်တွေနဲ့ပတ်သက်ပြီး Burma VJကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။




Comments