top of page

ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကြား သဘောတူညီချက်တစ်ခုခု ရယူနိုင်မလား

  • Writer: BVJ
    BVJ
  • 17 hours ago
  • 1 min read

အေတီ/BVJ- အောက်တိုဘာ ၂၉၊ ၂၀၂၅

ree

အေပက်ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံတဲ့အချိန်မှာ ကောင်းမွန်တဲ့ကုန်သွယ်ရေး သဘောတူညီချက်တွေ ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း တောင်ကိုရီးယားမှာရောက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။


တောင်ကိုရီးယားနိုင်ငံရဲ့ရှေးဟောင်းမြို့တော် ဂျောင်ဂျူးမြို့မှာပြုလုပ်နေတဲ့ အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး အေပက်ထိပ်သီးဆွေးနွေးနွေးပွဲကမိန့်ခွန်းထဲမှာ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့တာဖြစ်ပါတယ်။


အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဂျောင်ဂျူးမြို့နဲ့ ၈၅ကီလိုမီတာအဝေးမှာရှိတဲ့ ပင်လယ်ကမ်းခြေမြို့ ဘူဆန်မြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မနက်ဖြန်မှာတွေ့ဆုံဖို့ စီစဥ်ထားပါတယ်။တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုထားပါတယ်။ ရှီကျင့်ဖျင်နဲ့ ဒေါ်နယ်ထရမ့်တို့ ၂၀၁၉ခုနှစ်မှာ နောက်ဆုံးတွေ့ဆုံခဲ့ပြီးနောက်ပိုင်း အခုတွေ့ဆုံမှုဟာ ပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။


တောင်ကိုရီးယားနိုင်ငံ မလာခင်က မလေးရှားနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေနဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဘာတွေဆွေးနွေးမလဲဆိုတာကိုတော့ ဒေါ်နယ်ထရမ့်ဘက်ကအတိအကျထုတ်မပြောပါဘူး။

ree

ဒါပေမယ့် တရုတ်အစိုးရနဲ့ သဘောတူညီချက်ရဖို့ တရုတ်နိုင်ငံထုတ်ကုန်တွေကို အခွန်လျော့ပေါ့ပေးရမယ့်ကိစ္စအပါအဝင် “ပြဿနာအများကြီး” ကို ဖြေရှင်းရမယ်လို့ ဂျပန်ကနေ တောင်ကိုရီးယားကိုလာတဲ့အချိန် သူ့ရဲ့ Air Force One လေယာဥ်ကြီးပေါ်မှာ ပြောခဲ့ပါတယ်။


အသက်အန္တရာယ်ရှိတဲ့ opioid ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဓာတုပစ္စည်းတွေကိုထိန်းချုပ်ဖို့ တရုတ်အစိုးရက ပျက်ကွက်ခဲ့တယ်လို့ ထရမ့်ကစွပ်စွဲပြီး တရုတ်ကုန်စည်တွေအတွက် ၂၀ ရာခိုင်နှုန်း အခွန်တိုး ကောက်ခံခဲ့ပါတယ်။


အမေရိကန်ဘက်က အခွန်တိုးကောက်တာတွေ လျော့ချစေချင်တယ်ဆိုရင် မြေရှား သတ္တုတင်ပို့မှုတွေ ထိန်းချုပ်ထားတာတွေ လျော့ချဖို့လိုသလို၊အမေရိကန်စိုက်ပျိုးရေးထွက်ကုန်တွေကိုလည်း ပိုဝယ်ယူဖို့ လိုတယ်လို့ အမေရိကန်အစိုးရကပြောထားပါတယ်။


အမေရိကန်နဲ့ ကုန်သွယ်ရေးညှိနှိုင်းမှုတွေလုပ်နေတဲ့အချိန်မှာ စစ်ဘက်ပစ္စည်းတွေအပါအဝင် အီလက်ထရောနစ် ပစ္စည်းမျိုးစုံ ထုတ်လုပ်ရာမှာ အရေးကြီးတဲ့ မြေရှားသတ္တုတင်ပို့မှုကို တရုတ်အစိုးရကတင်းကျပ်လိုက်ပါတယ်။


ဒီနေ့ ဂျောင်ဂျူးမြို့မှာ ပြောခဲ့တဲ့ ထရမ့်ရဲ့ မိန့်ခွန်းထဲမှာ တောင်ကိုရီးယားနဲ့ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို “မကြာခင်” အပြီးသတ်လုပ်ဆောင်သွားမယ်လို့ ထရမ့်ကပြောခဲ့ပါတယ်။

ree

ကုန်သွယ်ရေး မဟာမိတ်တွေဖြစ်ကြတဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာလည်း နှစ်ဖက်အခွန်လျှော့ချပေးဖို့ တောင်ကိုရီးယားအစိုးရကတောင်းဆိုထားနဲ့ အသေးစိတ်အချက်အလက်တွေညှိနှိုင်းဖို့လိုနေသေးတာကြောင့် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေးသဘောတူညီချက်စာချုပ်ချုပ်ဆိုမယ့်ကိစ္စ ပြီးပြတ်ဖို့လိုနေပါသေးတယ်၊။


ဂျောင်ဂျူးမြို့မှာ အမေရိကန်သမ္မတနဲ့ လူချင်းတွေ့ဆုံတဲ့အချိန်မှာလည်း နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောလောင်စာ ဝယ်ယူနိုင်ဖို့ကိစ္စ တောင်ကိုရီးယားသမ္မတလီက ထရမ့်ကိုတောင်းဆိုခဲ့ပါတယ်။မြောက်ကိုရီးယားနဲ့ တရုတ်ရေငုပ်သင်္ဘောတွေကို အမီလိုက်နိုင်ဖို့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအတွက် လောင်စာဆီဝယ်ယူနိုင်ဖို့ကိစ္စဟာ တောင်ကိုရီးယားအတွက်အရေးကြီးပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page